Friday, September 30, 2016

ပါတီအပေါ် တိုက်ခိုက်ရေးသား ပြောဆိုနေမှုတွေကို ဥပဒေနဲ့အညီ တုံ့ပြန်ဖို့ ကြံ့ခိုင်ရေးပါတီ ဆုံးဖြတ်

ပါတီအပေါ် ဥပဒေမဲ့ တိုက်ခိုက်ရေးသား ပြောဆိုနေမှုတွေကို ဥပဒေနဲ့ အညီတုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ကြံ့ခိုင်ရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ ဒီကနေ့မှာ အစည်းအဝေး ဒုတိယမြောက်နေ့အဖြစ် ပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးက အခုလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူ့သဘောထား၊ ပြည်သူ့အခွင့်အရေး၊ ပြည်သူ့လိုအပ်ချက်တွေကို ဦးစားပေး ဖြည့်ဆည်း ဆောင်ရွက် သွားဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးကို ပါတီ အလုပ်အမှုဆောင် ကော်မတီ ဥက္ကဌ ဦးသန်းဌေးနဲ့ ဒုတိယ ဥက္ကဌ ၊ အထွေထွေ အတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှူဆောင်ကော်မတီဝင်များ ၊ တိုင်းဒေသကြီး/ ပြည်နယ် ပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပါတယ်။

No comments: