Friday, September 30, 2016

♪ ဈေးပေါပေါနဲ့ကိုင်နိုငမယ့် - “KENBO SUN E71” ♫

ဓာတ်ပုံရိုက်ကူးရတာ ၀ါသနာပါပြီး နောက်ဆုံးထွက် Application များကိုလည်း စိတ်ကြိုက်ထည့်သွင်းအသုံးပြု နိုင်မယ့်အပြင် ဈေးနှုန်းကလည်း သင့်တော်တဲ့ KENBO Smartphone က ထုတ်လုပ်ထားတဲ့ E71 ဖုန်းလေးဖြစ်ပါတယ်။ ဖုန်းရဲ့ ပုံပန်းသဏ္ဌာန်ဟာ လေးထောင့်ကျပြီး ထောင့်စွန်းများသည် အ၀န်း အ၀ိုက် ပုံစံရှိပါတယ်။ ဖုန်းရဲ့တန်ဖိုးဟာ သင့်တင့်ပြီး မျက်နှာပြင်အရွယ်အစား ကြီးမားတဲ့ဖုန်းဖြစ်ပါတယ်။ 

ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်းက ၅ လက်မရှိပြီး IPS Screen နည်းပညာကို အသုံးပြုထားတဲ့အတွက် ဗီဒီယိုများ၊ ဂိမ်းများ အသုံးပြုတဲ့အခါမှာ အဆင်ပြေစေပါလိမ့်မယ်။ မြင်ကွင်းစွမ်းရည် အပိုင်းတွင် 854 × 480 pixels အထိ ရုပ်ထွက်ရရှိစေမယ့် ဖုန်းတစ်လုံးပါ။ ဖုန်းသုံးတဲ့ အခါမှာ သွက်လက်စေဖို့အတွက် Quad Core 1.3 GHz CPU ကို အသုံးပြု ပေးထားပါတယ်။ RAM ပမာဏ အပိုင်းတွင်တော့ 1GB ကို ထည့်သွင်းပေး ထားပါတယ်။ ဖုန်းထဲမှာ Data များများ ပိုမိုသိုလှောင်သိမ်းဆည်းရာမှာ သင့်တင့်မျှတစေဖို့အတွက် ROM 4GB ကို ထည့်သွင်းပေးထားပါတယ်။

2G နဲ့ 3G မိုဘိုင်း ကွန်ရက်တွေမှာ ဖုန်းသုံးလို့ရမှာဖြစ်ပြီး လိုင်းဆွဲအားကောင်းမွန် တဲ့အတွက် ဖုန်းစကားပြောတဲ့အခါမှာ ကြည်လင်ပြတ်သားစွာ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ Panorama ၊ Beauty Face နှင့် Live Photo စနစ်များကို Camera Function အဖြစ် ထည့်သွင်းပေးထားတဲ့အတွက် ဓာတ်ပုံရိုက်ကူး တဲ့အခါမှာ စိတ်ဝင်စားဖွယ်ရာ ခံစားချက်များကို ရရှိစေမှာဖြစ်ပါတယ်။

အရှေ့ဘက်ကင်မရာမှာ 2 megapixels စွမ်းရည်ရှိပြီး အနောက်ဘက် ကင်မရာမှာ 8 megapixels စွမ်းရည်ရှိပါတယ်။ စက်လည်ပတ်မှုစနစ်အတွက် Android 5.1 (Lollipop) ကို အသုံးပြုပေးထားခြင်းကြောင့် နောက်ပိုင်းမှာ ထွက်ရှိတဲ့ Application များကိုပါ Error မဖြစ်ပေါ်စေဘဲ အလွယ်တကူ ထည့်သွင်း အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Wi-Fi, GPS, FM, Bluetooth v4.0 စနစ်များပါဝင်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစား မှာ Li-ion 1800mAh ဖြစ်ပါတယ်။

<Specification>

Network - GSM/HSPA
Processor - Quad Core 1.3 GHz
Screen - 5 inches
Camera - 8 MP
Storage - 4 GB
OS - Android OS, v 5.1
Contact - 09-258451418

Mobile Guide Journal (Every Monday)

No comments: