Thursday, September 29, 2016

အာဆီယံနိုင်ငံများဆိုင်ရာ ပါလီမန်အဖွဲ့ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောမည်

စက်တင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်တွင် ပြုလုပ်မည့် အာဆီယံ နိုင်ငံများဆိုင်ရာ ပါလီမန်အဖွဲ့ (AIPA)၏ ၃၇ ကြိမ်မြောက် အထွေထွေ ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ အဖွင့် မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ညီလာခံသို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦးတို့က တက်ရောက်ကာ နိုင်ငံရေး၊ စီးပွားရေး၊ ရုံးလုပ်ငန်းဆိုင်ရာ အစရှိသည် တို့ကို ခေါင်းစဉ် ၁၃ ခုဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာပြီး လာမည့် စက်တင်ဘာလ ၂၉ ရက်နေ့  နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ ပါလီမန် အဖွဲ့ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ဘီဘီစီကို ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် အမေရိက ခရီးစဉ်မှ ပြန်လာပြီးနောက် ကျန်းမာရေးအရ ရက်အနည်းငယ် အနားယူရန် လိုအပ်သည့်အတွက် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကိုလည်း ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းခဲ့ရသည်။

ဝသန်

The Ladies News

No comments: