Thursday, September 29, 2016

မြန်မာ-တရုတ် နှစ်နိုင်ငံလုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မည်

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပြီး လဲလှယ်နေကြစဉ် (ဓာတ်ပုံ − MOI)

 မြန်မာ-တရုတ် နှစ်နိုင်ငံ လုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် အ ကြမ်းဖက်မှုတားဆီးရေးအပါအ ဝင် ပူးပေါင်းဆောင်ရွက်ရေးဆိုင် ရာ စာချုပ်များကို မြန်မာပြည်ထဲရေးဝန်ကြီးနှင့် တရုတ်နိုင်ငံတော် ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန် ကြီးတို့ နေပြည်တော်တွင် လက် မှတ်ရေးထိုးခဲ့ကြောင်း တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းဌာန က စက်တင်ဘာ ၂၈ ရက်တွင် ဖော်ပြသည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် တရုတ် နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံ ခြုံရေးဝန်ကြီး ကော်စိမ်းခွန်းတို့ သည် မြန်မာ-တရုတ် (၅)ကြိမ် မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ပြီးနောက် စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

စီမံကိန်းကြီးများ လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူး ယစ်ဆေးဝါးတားဆီးရေး၊ နယ်စပ်ဒေသစီမံဆောင်ရွက်မှုများတွင် လက်တွေ့ ပူးပေါင်းဆောင်ရွက် ပြီး နှစ်နိုင်ငံနှင့် နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရ မည်ဟု မစ္စတာကော်စိမ်းခွန်းက ပြောကြားခဲ့ကြောင်း တရုတ်သ တင်းဌာနက ဖော်ပြသည်။

နှစ်ဖက် တရားဥပဒေစိုးမိုးရေးဌာန၊ ရဲဌာနနှင့် ရဲသင်တန်းကျောင်းများတွင် ပြုစုပျိုးထောင်ဖလှယ်မှုများ ဆောင်ရွက်ပြီး အတူတကွ တရားဥပဒေစိုးမိုးရေးဆိုင်ရာ စွမ်းရည်များကို မြှင့်တင်သွားမည်ဟု ၎င်းက ဆိုသည်။

နှစ်နိုင်ငံ နယ်စပ်ဒေသ ထိန်းချုပ်ရေး စီမံခန့်ခွဲမှုနှင့်တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ မဲခေါင် မြစ်ကြောင်း တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ဆိုက်ဘာကွန်ရက်တွင် ကျူးလွန်သောပြစ်မှုများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး၊ ၂၀၁၆-၁၇ အတွင်း တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ တွင် စွမ်းရည်မြှင့်တင်ရေး ကဏ္ဍ အတွက် လေ့ကျင့်သင်တန်းပေး ရေး၊ သဘာဝသယံဇာတအရင်း အမြစ်များ ကာကွယ်စောင့်ရှောက်ရန်  စသည်တို့ကိုလည်းဆွေးနွေးခဲ့သည်။

မစ္စတာကော်စိမ်းခွန်းသည် စက်တင်ဘာ ၂၇ ရက်က သမ္မတ နှင့် တပ်ချုပ်တို့ကိုလည်း တွေ့ဆုံခဲ့သည်။  တပ်ချုပ်နှင့် တွေ့ဆုံရာ တွင် မူးယစ်ဆေးဝါးထုတ်လုပ်၊ ရောင်းဝယ်၊ ဖြန့်ဖြူးမှုလုပ်ငန်းများ ကို ထိရောက်စွာတားဆီးနှိမ်နင်း ရေးကိစ္စရပ်များ၊ တရုတ်နိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရသကဲ့သို့ မြန်မာနိုင်ငံအတွက်လည်း ခြိမ်း ခြောက်မှုများရှိနေသည့် အကြမ်း ဖက်မှုတားဆီးကာကွယ်ရေးလုပ် ငန်းများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တွင် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကို ထိခိုက်စေသည့် တရားမဝင် လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို တားဆီးကာ ကွယ်ရေး၊ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အပြန်အလှန် သတင်းဖလှယ်ရယူ မှုအပါအဝင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူမှုကွန်ရက် စာမျက်နှာ၌ ထုတ်ပြန်ခဲ့သည်။

No comments: