Friday, September 30, 2016

ကျောင်းသူတစ်ဦးအဓမ္မကျင့်ခံရပြီးနောက် တစ်ယောက်တည်းအပြင်မထွက်ဖို့ ရဲတပ်ဖွဲ့သတိပေး

   

အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်မြို့မှာ အသက်(19)နှစ်အရွယ် အောက်စဖို့ကျောင်းသူတစ်ယောက်ကို လူနှစ်ယောက်က
ကားတင်ပြေးပြီး အဓမ္မပြုကျင့်ခဲ့ပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့ဟာ ကျူးလွန်တဲ့တရားခံတွေကို မဖမ်းမိသေးတဲ့အချိန်
အတွင်း ကျောင်းသူကျောင်းသားများအနေနဲ့ တစ်ယောက်တည်း ကျောင်းကိုမသွားဖို့၊ အုပ်စုဖွဲ့ နေကြဖို့ သတိပေးခဲ့
ပါတယ်။ အဓမ္မကျင့်ခံရတဲ့ကျောင်းသူဟာ တစ်ဦးတည်း လမ်းလျှောက်နေစဉ်မှာ ငွေရောင် VW hatchback အမျိုးအစားကားတစ်စီးက ချဉ်းကပ်ပြီး အတင်းအဓမ္မတင်ဆောင်ကာ ခေါ်သွားခဲ့ပါတယ်။

အဲဒီနောက် နှစ်မိုင်လောက်အဝေးကို အရောက်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရပါတယ်။ အဆိုပါဖြစ်ရပ်ဟာ မနက် 8.30 နာရီဝန်းကျင်မှာ ဖြစ်ခဲ့တာပါ။ အဲဒီကျောင်းသူလေးဟာ နောက်ထပ် 3 နာရီလောက်အကြာမှာ မူလ အတင်းဓမ္မခေါ်
ဆောင်ခြင်းခံရတဲ့နေရာနဲ့ တစ်မိုင်အကွာလောက်မှာ စွန့်ပစ်ခြင်း ခံခဲ့ရပါတယ်။

အဲဒီကျောင်းသူလေးဟာ ကျောင်းယူနီဖောင်းကို ၀တ်ဆင်ထားပြီး Summertown ဈေးကနေ အောက်စဖို့ကို ဖြတ်လမ်းကနေ လမ်းလျှောက်ကျောင်းတက်နေကျ ဖြစ်ပုံရပါတယ်။ သူမဟာ လူခြေတိတ်တဲ့ Headington လျှောက်လမ်းကို အသုံးပြုခဲ့ပြီး Marston Ferry လမ်းကို အရောက်မှာ ကားတင်ခေါ်ဆောင်ခြင်း ခံခဲ့ရပြီး အဓမ္မကျင့်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ကျူးလွန်ခဲ့တဲ့ အမျိုးသားတွေဟာ အသက်(20)အရွယ် ၀န်းကျင်သာရှိသေးပြီး နှစ်ယောက်ဖြစ်ပါတယ်။ အဲဒီနှစ်ယောက်ဟာ မတ်လ 3 ရက်နေ့က Abingdon မှာ အသက် (12)အရွယ် ကောင်မလေးကို ကျူးလွန်ဖို့ ကြိုးစားခဲ့တဲ့ တရားခံတွေနဲ့ ဆက်စပ်နေတယ်လို့ ရဲတပ်ဖွဲ့ ယူဆခဲ့ပါတယ်။ ထိုစဉ်က ကာယကံရှင်မိန်းကလေးဟာ ပြန်လည်ထိုးကြိတ် ကန်
ကျောက်ခဲ့ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့လို့ အဆိုပါ အမျိုးသားနှစ်ယောက်ဟာ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

အခုကိစ္စမှာလည်း ကားပေါ်မှာ အဆိုပါကျောင်းသူ ရုန်းရင်းဆန်ခတ် ပါသွားတာကို မျက်မြင်သက်သေတွေ ရှိနေခဲ့ပြီး ကျူးလွန်သူတွေရဲ့ သတင်းအချက်အလတ်တွေကိုလည်း ရဲတပ်ဖွဲ့က သိရှိပြီပြီမို့ မကြာခင်မှာ ဖမ်းဆီးနိုင်လိမ့်မယ်လို့ သိရပါ
တယ်။ ဒါပေမယ့် တရားခံတွေကို မဖော်ထုတ်နိုင်သေးတဲ့ အချိန်အတွင်းမှာ ကျောင်းသူတွေ၊ ကလေးတွေအနေနဲ့ ပြင်ပကို သွားလာတဲ့အခါ အနည်းဆုံး လေးငါးယောက် စုပြီးသွားကြဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

No comments: