Wednesday, September 28, 2016

Chrome နဲ့ ဝက်ဘ်ဆိုက်တစ်ခုလုံးကို Download ဆွဲနိုင်ပြီး ဗွီဒီယိုဖိုင်တွေကိုလည်း Data အသုံးလျှော့ချနိုင်

ဂူဂဲလ်ဟာ အိန္ဒိယကို အတော်ကြီးအာရုံစိုက်လုပ်ဆောင်နေပြီး ဆောင်ရွက်ချက်အများစုက အင်တာနက်အရည်အသွေးညံဖျင်း တဲ့ဧရိယာတွေမှာ ကောင်းမွန်တဲ့ဝန်ဆောင်မှုရရှိအောင်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ အဲဒီလိုအင်တာနက်အရည်အသွေး ညံ့ဖျင်းတဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့် လုပ်ဆောင်ချက်တွေကို Chrome ကလည်း ထပ်မံဖြည့်တင်းနေကြောင်း သတင်းရရှိပါ တယ်။ အဲဒီလိုပြုပြင်မှုတွေက အိန္ဒိယမှာသာမက အမေရိကန်လိုနည်းပညာမြင့်မားတဲ့နိုင်ငံတွေမှာလည်း အသုံးပြုသူအများစု အတွက် အသုံးဝင်တာတွေရှိနေပါတယ်။

Chrome ရဲ့ Data လျော့ချတဲ့လုပ်ဆောင်ချက်ကြောင့် မကြာခင်မှာ ဗွီဒီယိုဖိုင်တွေကို ချုံယူတာကို လုပ်နိုင်တော့မယ်လို့ သိရှိရပါ တယ်။ ဗွီဒီယိုဖိုင်ကို ချုံရာမှာ ဥပမာ MP4 ဖိုင်ဆိုရင် Data အသုံးပြုမှု ၆၇ရာခိုင်နူန်းအထိ ချုံယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ 2G ဒါမှ မဟုတ် 2G လို ကွန်ယက်မှာ ချိတ်ဆက်သုံးစွဲနေတာဖြစ်ရင် Chrome ရဲ့ အန်ဒရိုက်ဗားရှင်းက ၀က်ဘ်ပေ့ဂ်ျကို အမြန်နှစ်ကြိမ် စွဲတင်မှာဖြစ်ပြီး Data သုံးစွဲမှုက ၉၀ရာခိုင်နူန်းကျော် သက်သာသွားမှာပါ။

အန်ဒရိုက်အတွက် Chrome ရဲ့လုပ်ဆောင်ချက်အသစ်တစ်ခုကတော့ အင်တာနက်ကော်နက်ရှင်မရှိတဲ့အချိန်မျိုးမှာတောင် အသုံးဝင်နေမှာဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ဒ်တစ်ခုလုံးကို ဒေါင်းထားလို့ရပြီး ကော်နက်ရှင်ပြတ်တောက်သွားတာနဲ့ အဲဒီဒေါင်းထား တာက အလိုအလျှောက် တက်လာမှာဖြစ်တာကြောင့် အများကြီးအဆင်ပြေနိုင်ပါတယ်။

ဂူဂဲလ်က သုံးစွဲသူအတွက် offline အသုံးပြုလို့အဆင်ပြေမယ့် ဒေါင်းလုပ်ပြုလုပ်ဖို့ အကြံပေးတာတွေကို ထည့်သွင်းဖို့လည်း စီစဉ်ပါတယ်။ အဲဒီလိုဒေါင်းလုပ်ပြုလုပ်ဖို့ ဂူဂဲလ်က အကြံပြုရာမှာ ပထမပိုင်းမှာ ဒေသတွင်းလူကြိုတ်များတာကို အခြေခံမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ တစ်ဦးချင်းစီရဲ့ အကြိုတ်ပေါ်မှုတည်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Share this:

No comments: