Thursday, September 29, 2016

အရက်မူးပြီးအော်ဟစ်ဆဲဆိုသူအားတားဆီးရာ ဓါးခုတ်မှုဖြစ် ခုတ်ခံရသူ လက်တဖက်ပြတ်


မိုးကောင်း ၊ စက်တင်ဘာ - ၂၈

ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊နန့်ဟိုင်ကျေးရွာတွင်
၂၇.၈.၂၀၁၆ရက်နေ့ည(၁၀)နာရီအချိန်ခန့်က
လရှီးနော်လာ(၂၂)နှစ်(ဘ)ဦးလရှီးတူးခောင်
ရပ်ကွက်(၂)၊နန့်ဟိုင်ကျေးရွာ၊မိုးကောင်းမြို့နယ်တွင်နေထိုင်သူ
သည်အရက်သေစာသောက်စားမူးယစ်ပြီး
ကျေးရွာအတွင်းဆဲဆိုကြိမ်းမောင်းနေရာ
ဦးရှဒမ်ဇော်ဆိုင်း(ဘ)ဦးဇော်ရီမှကျေးရွာအတွင်းယခုကဲ့သို့ဆဲဆိုခြင်းမပြုရန်တားမြစ်ရာလရှီးနော်လာမှအသင့်ယူဆောင်လာသောဓားဖြင့်ခုတ်သဖြင့်
ဦးရှဒမ်ဇော်ဆိုင်းဆိုသူ၏
ဝဲဘက်လက်ကောက်ဝတ်မှာပြတ်သွားပြီး
ယာဘက်လက်ကောက်ဝတ်တွင်(၂)လက်မခန့်ပြတ်ရှဒါဏ်ရာများရရှိခဲ့ကြောင်း
လူနာအားနန့်ဟိုင်ကျေးရွာဆေးပေးခန်းတွင်လတ်တလောကုသမှုခံယူပြီး
ည(၁၂)နာရီအချိန်ခန့်တွင်လောကတ္တစရိယလူမှုကူညီရေးအသင်း(မိုးကောင်းမြို့)မှမြစ်ကြီးနားဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

အမှုဖြစ်စဉ်နှင့်ပါတ်သက်၍
၂၈.၉.၂၀၁၆ရက်နေ့နံနက်(၈.၃၀)နာရီအချိန်တွင်
တရားလိုဦး(...)နန့်ဟိုင်ကျေးရွာနေထိုင်သူမှမိုးကောင်းမြို့မရဲစခန်းတွင်ဥပဒေအရအရေးယူပေးရန်တိုင်တန်းခဲ့သဖြင့်
ပြစ်မှုအမှတ် ၇၅/၂၀၁၆
ရာဇသတ်ကြီးပုဒ်မ (၃၂၆)အရ
မိုးကောင်းမြို့မရဲစခန်းတွင်အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရှိရပါသည်
တရားခံမှာထွက်ပြေးတိမ်းရှောင်နေကြောင်းသိရှိရပါသည်။

မိုးကောင်းသတင်းမီဒီယာ

No comments: