သတင်းမီဒီယာများနှင့် မိတ်ဆွေများရှင့်
ယမန်နေ့က Pat Jasan Zinghkri Hpung မှ ခေါင်းဆောင်များနှင့် အသင်းတော်ခေါင်းဆောင်များမှ သက်ဆိုင်ရာ အာဏာပိုင်များနှင့် Pat Jasan လုပ်အားပေးများအား ဘိန်းခင်းများ ရှင်းလင်းခွင့်ပြုရန်အတွက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသော်လည်း ခွင့်ပြုချက် မရခဲ့ပါ။
သိုူသော် Pat Jasan Zinghkri Hpung မှ ယနေ့တွင် မည်သို့ပင် တားဆီးထားစေကာမူ ထွက်ခွာမည်ဟု ဆုံးဖြတ်ချက်ချလိုက်ကြပါသည်။
တချိန်ထဲမှာပင် ပန်ဝါနှင့် ကန်ပိုင်တီဒေသ အခြေစိုက် ပြည်သူ့စစ် အယောက် ၁၀၀ ခန့် များမှ လက်နက် အပြည့်အစုံဖြင့် လက်ရှိ လမ်းပိတ်ထားသော မြန်မာ့တပ်မတော်အား အားဖြည့်ထားပြီဖြစ်ကြောင်းနှင့် လက်နက်များကို လမ်းမသို့ ချိန်ထားနေပြီ ဖြစ်ြော့င်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်အားပေးများအား ၀ိုင်းဝန်းစောင့်ရှောက်ကြပါစို့။ သင်တို့၏ သတင်းမီဒီယာများတွင် ဖော်ပြပေးခြင်း အခြားသူများအား သတင်းပေးခြင်း၊ ဆုတောင်းကူညီပေးခြင်းဖြင့် ၄င်းတှို၏ ရည်ရွယ်ချက် ပြည့်ဝ အောင်မြင်ပြီး မိမိတို့ နေရင်းဌာနေများသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စုပေါင်း ပါဝင်ကြပါစို့။
Photo: Ko Z Art
ဆက်သွယ်နိုင်သော နံပတ်များ
Rev. Dr. Samson Hkalam 092402382
Rev. Lama Yaw: 0947002913
Mr. Ying Kyang: 0943176511
Others:
09793609018
09793564730
09258802770
No comments:
Post a Comment