Friday, February 26, 2016

"ပက်ဂျီဆန်အဖွဲ့လုပ်ရပ်တွေ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်နေပြီလား?"

"ပက်ဂျီဆန်အဖွဲ့လုပ်ရပ်တွေ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်နေပြီလား?" ပက်ကျိဆန် လုပ်ရပ်မူးယစ်ဆေးဝါး အကြောင်းပြပြီး အကြမ်းဖက်မှု နဲ့ နယ်မြေကျူးကျော် ဝင်ရောက်မှု တွေ ပါဝင် လာတဲ့ အတွက် ဒေသခံ ငေါ့ချန်း လော်ဝေါ် လာချိဒ် ဇိုင်ဝေါ် လူမျိုးတွေ နဲ့ ဂျိမ်းဖော ရဝမ် လူမျိုးစု တွေ နဲ့ ဖြစ်တဲ့ ပြသနာ ပါ။ ယခင်ကလည်း ဂျိမ်းဖော ကြီးစိုးတဲ့ KIA ဟာ အဲ့ ဒီဒေသ ကို အကြိမ်ကြိမ် ကျူးကျော်ခဲ့တာ ဖြစ် တဲ့ အတွက် ဒေသခံ တွေ ဟာ ယခုလို နယ်မြေ ထက်မံ ကျူးကျော်ဝင် ရောက် တာ ကို လက်ခံ မှာ မဟုတ်ပါဘူး။ ထက်ဝင် ရင် ထက်ပြီး သေကြေ ထိခိုက် ပြီး လူမျိုးရေး ပြသနာ ပိုမိုကြီး ထွား လာမှာ ပါ။ ဒီ လို လူမျိုးရေး ပြသနာ တွေ ရှိ တဲ့ အခြေအနေ ကို သိတဲ့ တပ်မတော် က တားပါတယ်။ အတွေ့အကြုံ လည်း ရှိပြီးသား ဖြစ်ပါတယ်။ တကယ်တမ်း မူယစ်ဆေးဝါး တိုက်ဖျက်မယ် ဆိုရင် မှန်ကန် တဲ့ နည်းလည်း ရှိပါတယ်။ KIAနယ်မြေက မူးယစ်ဆေးဝါးကို ဖျက်တာ မဖျက်တာ မပြောသေး ပါဘူး။ ပန်ဝါဒေသက ဘိန်းခင်းကို ဖျက်ချင်ရင် ပန်ဝါဒေသ က တာဝန်ရှိသူ အစိုးရ အပါအဝင် ဌာနဆိုင်ရာ အဖွဲ့ အစည်း ပေါင်းစုံ နဲ့ ညှိ နှိုင်း ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါမှ သာ ဒေသ ခံ တာဝန်ရှိသူတွေကလည်း သူ့နယ်မြေက သူ့ ပြည်သူကို ပညာပေးချပြရှင်းလင်း ပြီး မှန်ကန်သော နည်း လမ်းနဲ့ ဆောင်ရွက် ရင် ယခုလို ပြသနာ တွေ ဖြစ်မလာ နိုင်ပါဘူး။ လူမှု အဖွဲ့အစည်းဆိုပြီး ဒေသခံ တာဝန်ရှိသူကလည်း ခွင့်မပြု အစိုးရကလည်း တား ဒါကို ဂရုမစိုက်ပဲ သူများ နယ်မြေကို ဝင်ရောက် ရှင်းလင်းရင်တော့ ပြသနာ က ပိုပြီးကြီး ထွားဖို့ပဲ ရှိပါတယ်။ ယခင် လည်း အကြိမ်ကြိမ် ကျူးကျော်သတ်ဖြတ် ခဲ့ တဲ့ KIAရဲ့ လုပ်ရပ် တွေ ကို ဒေသခံ လူမျိုးစုတွေက ခံ ခဲ့ရဖူး တော့ ပိုပြီး အခြေ အနေ စိုးရွားပါတယ်။ သူလည်းပြည်သူ ကိုယ်လည်းပြည်သူ ကို့ခြံ ထဲ ဝင် ပြီး ကို စိုက်ထား တဲ့ ကောင်းတဲ့ အပင် မကောင်း တဲ့ အပင် အကုန်ဖျက် ဖမ်းမိ ရင် ရိုက် ပြသနာ တက်ရင် ရွာ မီးနဲ့ ရှို့ ဘယ် ဒေသခံ ပြည်သူ မှ လက်ခံ မှာ မဟုတ် ပါဘူး။ ဆက်လုပ်ရင် ပြသနာ ယခုထက် ပိုမိုကြီးထွားလာ ဖို့ပဲ ရှိပါတယ်။ လွှတ်တော်က ခွင့်ပြုတယ် ဆိုရင် ယခု အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ် မှု တွေ မှာ လွှတ်တော် လည်း တာဝန် ရှိပါတယ်။ ဒေသရဲ့ သမိုင်းကြောင်းနောက်ခံ လူမျိုးစုတွေရဲ့ ယခင်က ပဋိပက္ခ အခြေအနေ တွေကို လွှတ်တော် မှာ ကော ဆွေးနွေး ခဲ့ သလား ပြန်လည် သုံးသပ် ဖို့ လိုပါတယ်။

No comments: