Showing posts with label မလေးရှား. Show all posts
Showing posts with label မလေးရှား. Show all posts

Friday, September 23, 2016

မလေးရှားမှာ ထိန်းသိမ်းဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၂၃၀၀ ခန့် ရှိနေ

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်း ၁၁ ခုမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ နိုင်ငံသား ၂၃၀၀ ခန့်ရှိနေပြီး အဲဒီအထဲက တစ်ထောင်ကျော်ကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။


(ဓာတ်ပုံ – အနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း)

အဲဒီလိုပြန်လည်ပို့ဆောင်မှုကို နောက်ဆုံးအသုတ်အဖြစ် စက်တင်ဘာလ ၂၂ ရက်နေ့က ပြန်လည်ပို့ ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံ မြန်မာနိုင်ငံသား ၁၃၈ ဦးကို ပြန်လည်ပို့ဆောင်ခဲ့တာပါ။

ဒီလိုလွှဲပြောင်း ပို့ဆောင်နေမှုတွေကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ မလေးရှားအာဏာ ပိုင်တွေတို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပြီး ပို့ဆောင်မှုကုန်ကျစရိတ်တွေကို ပုဂ္ဂလိက အဖွဲ့အစည်းနှစ်ခုက ထောက်ပံ့နေတာဖြစ်ပါတယ်။