Wednesday, November 1, 2017

မော်တော်ယာဉ်တင်သွင်းမှုနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချနေကြတဲ့ ဉာဏ်ကြီးရှင်ကြီးများရယ်

မော်တော်ယာဉ်တင်သွင်းမှုနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချနေကြတဲ့ ဉာဏ်ကြီးရှင်ကြီးများရယ် ခင်ဗျားအိမ်ကမီးခလုပ်တောင် တခြားနိုင်ငံနဲ့ယှဉ်ရင် ပြောင်းပြန်ဖြစ်နေတယ်ဆိုတာ သတိရောထားမိလို့လား တစ်သက်လုံးသုံးလာတာ တခြားနိုင်ငံနဲ့  ပြောင်းပြန်ဖြစ်နေပေမယ့် ကိုယ်နိုင်ငံမှာ အဆင်ပြေပြေနဲ့ မမှားဘူးမဟုတ်လား မီးခလုပ်ပြောင်းပြန်ဖြစ်နေလို့ မီးလိုင်းတွေရှော့ဖြစ်ပြီးလောင်ရပါတယ် လို့ရောကြားဘူးလို့လား မီးခလုပ်ပြောင်းပြန်ဖြစ်တာပြသနာမဟုတ်ဘူးမပြောနဲ့ အကျင့်ပဲဗျ မြန်မာပြည်မှာကားစီးတဲ့ မောင်းတဲ့လူတော်တော်များများက ညာမောင်းနဲ့အသားကျနေကြပြီခင်ဗျ ပါကင်ထိုးတာ လမ်းဘေးရပ်တာ လမ်းပေါ်မောင်းနေတာကအစ ညာမောင်းနဲ့သူ့ဟာသူအဆင်ပြေတယ်  ••••••

ကားတွေကိုမှ လာလာပြီး ဘယ်မောင်းပဲသွင်းရမယ် ဆိုပြီး လာလုပ်နေတာ ခင်ဗျားအခုနေနေတဲ့တိုင်းပြည်ဟာကလေးစီးတဲ့ ဗိုလ်အုန်းသီးစက်ဘီး စက်ရုံတောင်မရှိတော့ဘူးဆိုတာ ခင်ဗျားတို့မသိတော့ဘူးလား Japan ကတပါတ်ရစ်တွေ တစ်ကမ္ဘာလုံးဝယ်သုံးနေကြတာ မြန်မာတစ်ပြည်ထဲဝယ်သုံးနေတာလဲမဟုတ် ••••••

ဘယ်တွေညာတွေ လမ်းကြောတွေ သီအိုရီတွေ ဖြစ်သင့်တာတွေ ခဏထား ရွှေငါး ဒါမှမဟုတ် ကရောင်းလို ကားမျိုးနဲ့ တန်ဖိုးချင်းနီးစပ်တဲ့ မြန်မာပြည်မှာအခုသွင်းပြီးရောင်းနေတဲ့ Brand New ဘယ်မောင်း ကားမျိုး Accident ခပ်ပြင်းပြင်း ဖြစ်ကြည့်ပါလား ဘယ်ထဲကလူသက်သာသလဲဆိုတာ ခေါင်းချင်းဆိုင်တောင်တိုက်ပြလိုက်ချင်သေးတယ် ဒီလိုပေါ့ရွှတ်နေပြီးဝိတ်မရှိဘာမရှိနဲ့ အမြန်လမ်းလို လမ်းမပေါ်မှာ ရွှေငါးတို့ ကရောင်းတို့လို ကားမျိုးထက် Accident ဖြစ်နိုင်ခြေပိုတယ်ဆိုတာ ခင်များတို့ တွေးမှတွေးမိကြရဲ့လား••••

ခုဟာက သူ့ဟာသူငယ်ငယ်ထဲကဘယ်လက်နဲ့စာရေး ပြီး အသားကျနေတယ့် လူတစ်ယောက်ကို ညာဘက်ပြောင်းပြီးရေးကိုရေးရမယ် လုပ်နေသလိုပဲ အာဏာရှင်ဆန်လွန်းပါတယ် ဗျာ ••••

အခုပြသနာက ညာမောင်းတွေသွင်းနေလို့ ကားလမ်းကြပ်နေတာလဲမဟုတ် ညာမောင်းတွေမို့လို့ လမ်းပေါ်ကိုတက်လိုက်တာနဲ့ ကားကားချင်းတွေတိုက် လူတွေသေနေတာလဲမဟုတ် တကယ်တော့ ကားကညာမောင်းဖြစ်နေလို့ မသေသင့်ပဲ သေတဲ့ ရာခိုင်နှုံးထက် စည်းကမ်းမဲ့ဗရမ်းဗတာ မောင်း လို့ သေတဲ့ရာခိုင်နှုံး ကအများကြီးပိုပါတယ် ဆိုတာမသိတာလဲမဟုတ် အပိုတွေကိုလုပ်လွန်းပါတယ် •••••

တိုင်းပြည်ရဲ့ လမ်းကြောအရ ဘယ်မောင်းနဲ့ပိုအဆင်ပြေတာမှန်တယ် ဒါပေမယ့် ဒီလောက်မွဲနေတဲ့တိုင်းပြည် ထဲကလူတွေကို ဝန်ပိအောင် ခုနေချိန်ခါမှာ အလောတကြီး မဖြစ်မနေ လုပ်နေတာကြီးကတော့ ပြည်သူတွေကိုသက်သက်ဖိနှိပ်နေသလိုဖြစ်နေတာပါပဲ တို့ပြည်သူပြည်သားတွေအတွက် လွတ်လပ် မျှတခြင်းဆိုတာ ဘယ်တော့များမှခံစားရမယ်ဆိုတာ မသိအောင်ကိုဖြစ်နေကြပီ သူများပြောတိုင်း လိုက်လုပ်မနေပဲ ကိုယ့်ဦးနှောက်လေးနဲ့ကိုယ်သေချာလေ့လာစဉ်းစားသုံးသပ်ကြည့်ကြပါအုန်း

credit

No comments: