Showing posts with label လိုင်စင်မဲ့ မော်တော်ယာဉ်. Show all posts
Showing posts with label လိုင်စင်မဲ့ မော်တော်ယာဉ်. Show all posts

Monday, September 26, 2016

ဧရာဝတီတိုင်းမှာ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းနေ

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ စင်တင်ဘာလ ၁ရက်နေ့ကနေ ၂၂ရက်နေ့အထိ လိုင်စင်မဲ့မော်တော် ယာဉ် ကိုးစီးအပါအ၀င် ယာဉ်မျိုးစုံ ငါးထောင့်နှစ်ရာကျော်ကို ဖမ်းဆီးအရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့မှုး ရုံးရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ဖမ်းဆီးစစ်ဆေးခဲ့တဲ့ထဲမှာတော့ မော်တော်ယာဉ် ၅၈၅စီး၊ ဆိုင်ကယ် ၅၂၈၂စီး၊ ထော်လာဂျီ ၅၇စီးနဲ့ သုံးဘီးဆိုင်ကယ် ၈၅စီးကို ဖမ်းဆီးအရေးယူနိုင်ခဲ့တာပါ။ ညဘက်တွေမှာပါ ယာဉ်စစ်ဆေးမှုတွေလုပ်နေပြီး ဆိုင်ကယ်နဲ့ကားတွေပေါ်မှာပါလာတဲ့ တုတ်၊ ဓါးစတဲ့ လက်နက်တွေကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးနေတာပါ။

Thursday, September 22, 2016

စစ်ကိုင်းတွင် လိုင်စင်မဲ့ ယာဉ်နှစ်စီး သိမ်းဆည်းရမိ

စစ်ကိုင်းမြို့တွင် အမျိုး သားတစ်ဦးထံမှ လိုင်စင်မဲ့မော် တော်ယာဉ်နှစ်စီး သိမ်းဆည်းရမိ ကြောင်း စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့ စခန်းမှ သတင်းရရှိသည်။

စက်တင်ဘာ ၂၀ ရက် မွန်း လွဲ ၁ နာရီခွဲခန့်က စစ်ကိုင်းမြို့ချင်းစုရပ်ကွက် ချင်းစုလမ်းထောင့်တွင် အသက် (၂၈)နှစ်အရွယ် ယာဉ်မောင်း အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှ ၎င်းမောင်းနှင်လာသည့် မော်တော်ယာဉ်သည် လိုင်စင်မဲ့ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ၎င်းအမျိုးသားတွင် လိုင်စင်မဲ့ အခြားမော်တော်ယာဉ်တစ်စီးပါ ပိုင်ဆိုင်ထားသည်ကို ဆက်လက်စစ်ဆေးတွေ့ရှိရသဖြင့် ယင်းလိုင်စင်မဲ့ မော်တော်ယာဉ်နှစ်စီးကို သိမ်းဆည်းကာ စစ်ကိုင်းမြို့ မြို့မရဲစခန်းတွင် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ တစ်ဦးက  ပြောကြားသည်။

‘‘မူးယစ်ဆေးဝါး သတင်း အရ အဲဒီမော်တော်ယာဉ်ကို စစ် ဆေးတဲ့အခါ လိုင်စင်မဲ့ယာဉ်ဖြစ် နေတယ်။  မူးယစ်ဆေးဝါးကတော့ မတွေ့ပါဘူး။ သူ့ကို ဆက်စစ်ဆေးတော့ လိုင်စင်မဲ့ ယာဉ် နောက်တစ်စီး ထပ်တွေ့တယ်။ လိုင်စင်မဲ့ယာဉ်နှစ်စီး လက်ဝယ် ထားရှိမှုနဲ့ အမှုဖွင့်စစ်ဆေးနေပါ တယ်’’ဟု ယင်းရဲအရာရှိက ပြော ကြားသည်။

 ယာဉ်မောင်း  အမျိုးသား သည် စစ်ကိုင်းမြို့နယ် ဗြဲတရော် ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မောင်းနှင်လာသည့် 4L/..... နံပါတ်ပါ ခရောင်းအဖြူရောင် မော်တော်ယာဉ်သည် ယာဉ်လိုင်စင်မရှိကြောင်းနှင့်  ၎င်းနေထိုင်ရာ ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ထားရှိခဲ့သော 5C/... နံပါတ်ပါ မတ်တူးအဖြူရောင်ယာဉ်မှာလည်း ယာဉ်လိုင်စင်မရှိကြောင်း စစ်ဆေးတွေ့ရှိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီးကို လက်ဝယ်ထားရှိသော အမျိုးသားကို စစ်ကိုင်းမြို့ မြို့မ ရဲစခန်းက ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ အမှုဖွင့်စစ်ဆေး နေကြောင်း သတင်းရရှိသည်။