Showing posts with label ရခိုင်သတင်း. Show all posts
Showing posts with label ရခိုင်သတင်း. Show all posts

Saturday, September 24, 2016

ဖျက်သိမ်းရန် လတ်တလော အစီအစဉ်မရှိဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဆို

စစ်တွေ၊ စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ်အတွင်းရှိ တရားမဝင် အဆောက်အအုံများ ဖျက်သိမ်းရန် သတင်းများ ထွက်ပေါ်နေသော်လည်း ဖျက်သိမ်းရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောသည်။

“မောင်တောဒေသမှာ ဗလီတွေ ဖြိုဖျက်မယ်ဆိုပြီး ပြောဆိုနေကြတာ၊ သတင်းတွေ ထွက်ပေါ်နေတာမှာ အစိုးရအဖွဲ့အနေနဲ့ လတ်တလော အစီအစဉ် မရှိသေးပါဘူး။ ခရိုင်က တင်ပြတဲ့ အချက်တွေကို လတ်တလော စီစစ်တုန်းပဲ ရှိပါသေးတယ်” ဟု လုံ/နယ်ဝန်ကြီးက ယနေ့ (စက်တင်ဘာ ၂၄ ရက်) က ပြုလုပ်သည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သတင်းမီဒီယာအချို့တွင် ထွက်ပေါ်နေသည့်စာရင်းမှာ မောင်တောခရိုင်မှ တင်ပြသည့် စာရင်းများသာ ဖြစ်ကြောင်း စည်ပင်သာယာရေးနှင့် သာသနာရေးဝန်ကြီး ဦးမင်းအောင်က ပြောသည်။

တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အအုံများ ဖြိုဖျက်မည်ဆိုသည့် စာရင်းများတွင် ဗလီနှင့် အာရဗီကျောင်းများသာ မကဘဲ ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများလည်း ပါဝင်ကြောင်း မောင်တောမဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရွှေအုန်းက ပြောသည်။

ယခုကဲ့သို့ တရားမဝင် အဆောက်အအုံများကို အရေးယူ ဆောင်ရွက်ရန်အတွက် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မတီများ ဖွဲ့စည်းပြီး စိစစ်ဆောင်ရွက်နေဆဲသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောသည်။

Thursday, September 22, 2016

ဘူးသီးတောင်၊ မောင်တော ဒေသမှာ တိုင်းရင်းသားကလေး ခြောက်ဦးမွေးဖွားတိုင်း ဘင်္ဂလီကလေး ၈၅ ဦး မွေးဖွားနေ

ဘူးသီးတောင်၊ မောင်တော ဒေသမှာ တိုင်းရင်းသားကလေး ခြောက်ဦးမွေးဖွားတိုင်း ဘင်္ဂလီကလေး ၈၅ ဦး မွေးဖွားနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောဆိုလိုက်ပါတယ်။
bangli
စက်တင်ဘာ ၂၂ ရက်နေ့ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မောင်တော ဒေသများအား လူဦးရေးတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအရ ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်မယ့် ဒေသအဖြစ် သတ်မှတ်ရန်အစီအစဉ် ရှိမရှိနဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းစဉ် အဲဒီလို ထည့်သွင်းပြောဆိုလိုက်တာပါ။
မောင်တောမြို့နယ်မှာ လူဦးရေ ၅၂၀,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ တိုင်းရင်းသားလူဦးရေ ၄၉,၀၀၀ သာ ပါဝင်ကြောင်း၊ဘူးသီးတောင်မြို့နယ်မှာ လူဦးရေး ၃၄၀,၀၀၀ ကျော်ရှိပြီး တိုင်းရင်းသားလူဦးရေ ၅၅,၀၀၀ သာ ရှိနေတာပါ။ ကျန်းမာရေးဌာနရဲ့ ခန့်မှန်းခြေစာရင်းတွေအရ နှစ်စဉ် တိုင်းရင်းသားလူဦးရေတိုးပွားနှုန်း ၀.၆ ရာခိုင်နှုန်းသာရှိပြီး ဘင်္ဂလီများမှာ ၃.၅ ရာခိုင်နှုန်း တိုးပွားလျက်ရှိနေတယ်လို့ ဦးအောင်သောင်းရွှေက ပြောဆိုခဲ့ပါတယ်။

Share this:

Tuesday, August 30, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ပြည်တွင်း တတ်သိပညာရှင်များဖြင့် ဆောင်ရွက်သင့်ကြောင်း အဆို တင်သွင်း


Posted: August 30, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားသုံးဦး ဦးဆောင်ပါဝင်နေခြင်းသည် ပြည်တွင်းပြသ၁နာကို နိုင်ငံတကာ ပြသ၁နာအဖြစ် ဖန်တီးရာရောက်နေသဖြင့် ပြည်တွင်းမှ တက်သိပညာရှင်များနှင့်သာ ဆောင်ရွက်သင့်ကြောင်း ရေးကြီးအဆိုကို သြဂုတ် ၃၀ ရက်က ပြည်သူ့လွှတ်တော်တွင် တင်သွင်း ခဲ့ရာ ကန့်ကွက်သူမရှိဘဲ ဆွေးနွေးရန် အတည်ပြုခဲ့သည်။

 

အရေးကြီးအဆိုကို ရခိုင်အမျိုးသားပါတီ ပေါက်တောမဲဆန္ဒနယ် မှ ကိုယ်စားလှယ် ဦးအောင် ကျော်ဇံ က တင်သွင်းခဲ့ခြင်းဖြစ် ပြီး ယင်းအဆိုကို ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း ပေးသွင်းရန် ကြေညာထားသည်။

 

“လွှတ်တော်က သဘောတူတယ် ကန့်ကွက်ရန်မရှိဘူး။ ၁ ရက်နေ့နောက်ဆုံးထားပြီး ဆွေးနွေးမယ့် ကိုယ်စားလှယ် စာရင်းတောင်ထားတယ် ။ ကိုယ်စားလှယ်တွေ ဆွေးနွေးကြမယ်။ ဆွေးနွေးမှုအပြီးမှာ ပြည်ထောင်စုဝန်ကြီးရဲ့ သဘောထားတောင်းမယ်။ မဲခွဲဆုံးဖြတ်ရင် ဆုံးဖြတ်မှာပေါ့။ ဆွေးနွေးတဲ့အခါမှာတော့ NLD နဲ့ နည်းနည်း အခြေအတင် ဆွေးနွေးရမယ့် သဘောရှိတာပေါ့။ NLD က လက်မခံဘူးဆိုရင် ဒီအဆိုကမနိုင်နိုင်ဘူးလေ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အစကတည်းက နိုင်မယ်ထင်လို့တင်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့အဆို ကျွန်တော်တို့ရဲ့ဆန္ဒကို ဖော်ပြတာပဲဖြစ်တယ်” ဟု ရခိုင်အမျိုးသားပါတီ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက အရေးကြီးအဆိုနှင့် ပတ်သက်၍ ပြောကြားသည်။

 

နိုင်ငံအရေးကို နိုင်ငံခြားသားများအား စိစစ် အကြံပေးရန် ခွင့်ပြုလိုက်ခြင်းသည် နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရန် တံခါးဖွင့်ပေးသကဲ့သို့ဖြစ်နေကြောင်း၊ ၎င်းတို့၏ အကြံပေးချက်များကို လက်ခံချင်မှ လက်ခံမည်ဟု ဆိုသော်လည်း ယင်းပုဂ္ဂိုလ်သည် ကမ္ဘာ့နိုင်ငံရေးတွင် အထင်ကရ ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင်း ၎င်း၏ အကြံပေးချက်များကို လက်မခံလျှင် သက်ရောက်မှုများ ရှိလာနိုင်သည်ဟုလည်း ၎င်းကဆိုသည်။

 

“သူတို့ရဲ့ အကြံပေးချက်ကြောင့် နောက်ထပ်ပြသ၁နာ တစ်ခုဖြစ်လာမယ် ပြည်တွင်းရေးဟာ နိုင်ငံတကာအရေး ဖြစ်လာမယ်။ အဲ့ဒါကို ကျွန်တော်တို့စိုးရိမ်တယ် ။ ကော်မရှင်ကိုဖျက်သိမ်းဖို့ ကျွန်တော်တို့ ကန့်ကွက်တာ မဟုတ်ပါဘူး။ လူစားထိုးပြီး ကိုယ့်တိုင်းပြည်က တက်သိပညာရှင်တွေနဲ့ အစားထိုးဖွဲ့စည်းဖို့ အကြံပေးတာပါ” ဟု ဦးဖေသန်းက ဆက်လက်ပြောကြားခဲ့သည်။

 

The Ladies News