Tuesday, August 30, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ပြည်တွင်း တတ်သိပညာရှင်များဖြင့် ဆောင်ရွက်သင့်ကြောင်း အဆို တင်သွင်း


Posted: August 30, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြားသားသုံးဦး ဦးဆောင်ပါဝင်နေခြင်းသည် ပြည်တွင်းပြသ၁နာကို နိုင်ငံတကာ ပြသ၁နာအဖြစ် ဖန်တီးရာရောက်နေသဖြင့် ပြည်တွင်းမှ တက်သိပညာရှင်များနှင့်သာ ဆောင်ရွက်သင့်ကြောင်း ရေးကြီးအဆိုကို သြဂုတ် ၃၀ ရက်က ပြည်သူ့လွှတ်တော်တွင် တင်သွင်း ခဲ့ရာ ကန့်ကွက်သူမရှိဘဲ ဆွေးနွေးရန် အတည်ပြုခဲ့သည်။

 

အရေးကြီးအဆိုကို ရခိုင်အမျိုးသားပါတီ ပေါက်တောမဲဆန္ဒနယ် မှ ကိုယ်စားလှယ် ဦးအောင် ကျော်ဇံ က တင်သွင်းခဲ့ခြင်းဖြစ် ပြီး ယင်းအဆိုကို ဆွေးနွေးမည့် ကိုယ်စားလှယ်များအနေဖြင့် စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း ပေးသွင်းရန် ကြေညာထားသည်။

 

“လွှတ်တော်က သဘောတူတယ် ကန့်ကွက်ရန်မရှိဘူး။ ၁ ရက်နေ့နောက်ဆုံးထားပြီး ဆွေးနွေးမယ့် ကိုယ်စားလှယ် စာရင်းတောင်ထားတယ် ။ ကိုယ်စားလှယ်တွေ ဆွေးနွေးကြမယ်။ ဆွေးနွေးမှုအပြီးမှာ ပြည်ထောင်စုဝန်ကြီးရဲ့ သဘောထားတောင်းမယ်။ မဲခွဲဆုံးဖြတ်ရင် ဆုံးဖြတ်မှာပေါ့။ ဆွေးနွေးတဲ့အခါမှာတော့ NLD နဲ့ နည်းနည်း အခြေအတင် ဆွေးနွေးရမယ့် သဘောရှိတာပေါ့။ NLD က လက်မခံဘူးဆိုရင် ဒီအဆိုကမနိုင်နိုင်ဘူးလေ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အစကတည်းက နိုင်မယ်ထင်လို့တင်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့အဆို ကျွန်တော်တို့ရဲ့ဆန္ဒကို ဖော်ပြတာပဲဖြစ်တယ်” ဟု ရခိုင်အမျိုးသားပါတီ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက အရေးကြီးအဆိုနှင့် ပတ်သက်၍ ပြောကြားသည်။

 

နိုင်ငံအရေးကို နိုင်ငံခြားသားများအား စိစစ် အကြံပေးရန် ခွင့်ပြုလိုက်ခြင်းသည် နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရန် တံခါးဖွင့်ပေးသကဲ့သို့ဖြစ်နေကြောင်း၊ ၎င်းတို့၏ အကြံပေးချက်များကို လက်ခံချင်မှ လက်ခံမည်ဟု ဆိုသော်လည်း ယင်းပုဂ္ဂိုလ်သည် ကမ္ဘာ့နိုင်ငံရေးတွင် အထင်ကရ ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင်း ၎င်း၏ အကြံပေးချက်များကို လက်မခံလျှင် သက်ရောက်မှုများ ရှိလာနိုင်သည်ဟုလည်း ၎င်းကဆိုသည်။

 

“သူတို့ရဲ့ အကြံပေးချက်ကြောင့် နောက်ထပ်ပြသ၁နာ တစ်ခုဖြစ်လာမယ် ပြည်တွင်းရေးဟာ နိုင်ငံတကာအရေး ဖြစ်လာမယ်။ အဲ့ဒါကို ကျွန်တော်တို့စိုးရိမ်တယ် ။ ကော်မရှင်ကိုဖျက်သိမ်းဖို့ ကျွန်တော်တို့ ကန့်ကွက်တာ မဟုတ်ပါဘူး။ လူစားထိုးပြီး ကိုယ့်တိုင်းပြည်က တက်သိပညာရှင်တွေနဲ့ အစားထိုးဖွဲ့စည်းဖို့ အကြံပေးတာပါ” ဟု ဦးဖေသန်းက ဆက်လက်ပြောကြားခဲ့သည်။

 

The Ladies News

No comments: