Monday, August 29, 2016

SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် လုံခြုံရေး တပ်စခန်းအား အစိုးရတပ် တိုက်ခိုက်

 

 ၂၁ ရာစုပင်လုံညီလာခံ တက်ရန်အဆင်သင့်ဖြစ်နေချိန် SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် လုံခြုံရေး တပ်စခန်းအား အစိုးရတပ် တိုက်ခိုက်ဩဂတ်စ် ၂၈ ရက် ၂၀၁၆

ဩဂတ်စ် ၃၁ ရက်နေ့ တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံအား တက်ေ ရာက် သျှမ်းပြည်တပ်မတော် မှ ကိုယ်စားလှယ်အဖွဲ့ များ ရွေး ချယ်ထားပြီး ခရီးထွက်ဖို့ အသင့် ဖြစ်နေချိန် သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် အတွင်း သျှမ်းပြည်တပ်မတော် SSPP/SSA ဌာချုပ်၏ အရှေ့မြောက်ဘက် လုံခြုံရေး တပ်စခန်းအား ယနေ့ ဩဂတ်စ် ၂၈ ရက် ညနေ ပိုင်း၌ အစိုးရ တပ်မတော် မှ စတင်တိုက်ခိုက်သည် ဟုသိရသည်။

ဩဂတ်စ် ၂၈ ရက် ၂၀၁၆ ခု ညနေ ၄ နာရီ ကျော်မှ ည နေ ၇ နာရီကျော်အထိ အစိုးရတပ်မတော် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (လားရှိုး) ရမခ လက်ေ အာက်ခံ ခလရ ၃၃ နှင့် ဒေသအတွင်း ရှိ တပ်ရင်းများ၏ နယ်မြေစိုးမိုးရေး စစ်ကြောင်းများနှင့် ပူးပေါင်းကာ တန်းယန်းမြို့နယ် မိုင်း ကောဝ် ကျေးရွာ အုပ်စု ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ကောင်းအုတ်လိုင် တပ်စခန်း အား ထိုးစစ်ဆင် တိုက်ခိုက်သည်ဟု သိရသည်။

“တန့်ယန်း စစ်ဗျူဟာ လက်အောက်ခံတပ်တွေက ကျနော်တို့ တပ်စခန်းကို လာတိုက်တာ။ ၄ နာရီ ၁၅ လောက်ကနေ ၆ နာရီကျော်အထိ တိုက်ပွဲဖြစ် တယ်။ အဲဒီနောက်ပိုင်းတော့ ည ၇ ကျော်တဲ့ အထိ ကျနော်တို့ တပ်စခန်းေ တွဆီ ကို လက်နက်ကြီးနဲ့ ထုနေတုံး။ ငြိမ်းချမ်းရေးအတွက် လုပ်နေချိန် မပြော မဆိုနဲ့ အခုလိုလာလုပ်တာ နားမလည်ဘူး” - ဟု သျှမ်းပြည် တပ်မတော် ပြော ခွင့်ရ ဗိုလ်မှူးစိုင်းဆု က ပြောပါသည်။


ဩဂတ်စ် ၂၀ ရက်နေ့ က ကျေးသီး၊ မိုင်းရှူးမြို့နယ်အတွင်း ကြားဖြတ်ရွေးေ ကာက်ပွဲ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် မှ သတင်းထောက်များအား ပြောကြားသည့် နောက်ပိုင်း အစိုးရ တပ်မတော် စစ်ကြောင်းများသိသိသာသာ တိုးများလာသည်ဟု ဒေသ အတွင်း တပ်မှူးကြီးများက ပြောသည်။

သို့သော် နိုင်ငံရေး လေ့လာသုံးသပ်သူများက တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးပြီးမှသာ ၂၁ ရာစု ပင်လုံညီတက်ရန် SSPP/SSA အား ဖိအား ပေးခြင်း ဖြစ်နိုင်သည် ဟု ပြောဆိုသုံးသပ်ကြသည်။

SSPP/SSA သည် ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင် ဖြစ်သည်။ UNFC ၏ အင်အား အကြီး မားဆုံးအဖွဲ့ ဝင်ဖြစ် သည့် KIA ကချင်လွတ်လပ်ရေး တပ်မတော် အားလည်း အစိုးရတပ်မတော် မှ ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိနေသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)

No comments: