Sunday, August 28, 2016

ပုဂံပျက်စီးမှုအခြေအနေ

သြဂုတ် ၂၄ ရက်နေ့က လှူပ်ခတ်ခဲ့တဲ့ ငလျှင်ကြောင့် ပုဂံမြို့ဟောင်း စေတီပုထိုး လေးရာနီးပါး ပျက်စီးထိခိုက်ခဲ့ပြီး၊ ပျက်စီမှူရဲ့ ၇၅ ရာခိုင်နှူန်းဟာ ၁၉၉၄ ခုနှစ်က ပြန်လည်ပြုပြင်တည်ဆောက်ခဲ့တဲ့ အစိတ်အပိုင်းတွေဖြစ်တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဗွီအိုအေကို ပြောခဲ့ပါတယ်။ ငလျှင်ကြောင့် ထိခိုက်ခဲ့တဲ့ ပုဂံဘုရားပုထိုးများကို စီစစ်ပြီး ရှေးဟောင်းအတိုင်း ထိမ်းသိမ်းစောင့်ရှောက်ရေးအတွက် ရှေးဟောင်းသုတေသနဦးစီးဌာနက ဦးစီးပြီး ပုဂံ ရှေးဟောင်းယဉ်ကျေးမှူပြတိုက်မှာ ဒီကနေ့ ပြုလုပ်ပါတယ်။ ယူနက်စကို၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ ဓါတ်ပုံပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ဗိသုကာအသင်း၊ အာကာသသိပ္ဗံစတဲ့ အသင်းအဖွဲ့တွေနဲ့ တသီးပုဂ္ဂလ ပညာရှင်တွေလည်းတတ်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ပုဂံ ရှေးဟောင်းဘုရားတွေကိုပြုပြင်ထိမ်းသိမ်းရာမှာ ယခင်လိုမဟုတ်ပဲ ယူနက်စကိုက သတ်မှတ်ထားတဲ့ စံနှူန်းစံထားတွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဓာတ်ပုံ - ကိုစည်သူ၊ထက်အောင်ခန့်

No comments: