Tuesday, August 30, 2016

နယ်ကျော်ယာဉ်များကို လာမည့်ဘဏ္ဍာနှစ်တွင် အခွန်ကောက်မည်ဟုဆို



ရန်ကုန်၊ သြဂုတ် ၂၉

"ရန်ကုန်လိုင်စင်နဲ့ ကားတင်သွင်းတာကို ပိတ်ထားတဲ့ သုံးလအတွင်း  နယ်လိုင်စင်လုပ်ပြီး ရန်ကုန်မှာ မောင်းနှင်တာတွေ ပိုမိုများလာတယ်။ မြို့ဝင်ကြေး မကောက်ခံတော့တဲ့အတွက် နယ်လိုင်စင်ကားတွေ ရန်ကုန်မှာ များလာပြီး ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချဖို့ အခက် အခဲဖြစ်နေပါတယ်။ လက်ရှိဘဏ္ဍာနှစ်မှာတော့ နယ်ကျော်ယာဉ်တွေကို အခွန်ကောက်ခံမှာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယာဉ်ထိန်းရဲများအနေနှင့် နယ်လိုင်စင် အငှားယာဉ်တက္ကစီများကို  အဓိကထား စစ်ဆေး အရေးယူနေသောကြောင့် နယ်လိုင်စင် တက္ကစီများနည်းပါးပြီး နယ်လိုင်စင် အိမ်စီးယာဉ်များသာ ပိုမိုများပြားနေကြောင်း ၎င်းက ဆက်လက်ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်စေသည့် မော်တော်ယာဉ် အရေအတွက် များပြားလာခြင်းကို အဓိက ထားဖြေရှင်းနေသော်လည်း နယ်လိုင်စင်ယာဉ်များ ရန်ကုန်မြို့တွင် များပြားခြင်းက ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဖြစ်လာခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"အခုလက်ရှိ နယ်လိုင်စင်ယာဉ်တွေ ရန်ကုန်မှာ အရမ်းများလာတယ်။ ရန်ကုန်လိုင်စင်နဲ့ ကားတင်သွင်းတာ ပိတ်ထားတော့ နယ်လိုင်စင်နဲ့ ရန်ကုန်မှာ အများကြီးပဲ။ MDY ယာဉ်တွေ၊ အငှားယာဉ်တွေ ရန်ကုန်မှာ မောင်းနှင်တာ တော်တော် များလာတယ်။အဲဒီလို နယ်ကျော်ယာဉ်တွေကို အရေးယူမှု တစ်ခုတော့ ဆောင်ရွက်သင့်ပါတယ်" ဟု ကိုယ်ပိုင်ယာဉ်မောင်းဖြစ်သူ ကိုဇော်ထွေးက ဆိုသည်။

No comments: