Sunday, August 28, 2016

ဒီမိုကရေစီ တသွင်သွင် ကြွေးကျော်ခဲ့ပြီး ကိုယ်တိုင် အစိုးရလုပ်တဲ့အချိန်မှာ ပွင့်လင်းမြင်သာမှု ရှိစေရမယ်လို့ ကြွေးကျော်ခဲ့တဲ့ NLD အစိုးရအနေနဲ့ စစ်အစိုးရ လက်ထက်က သတင်းအမှောင်ချတာတွေ ဆက်မလုပ်သင့်တော့ပါလို့ ထောက်ပြချင်ပါတယ်.......

ရခိုင်အရေး ကော်မရှင်မှာ ကိုဖီအာနန် ပါဝင်မှုအပေါ် ရှုထောင့်အမျိုးမျိုးနဲ့ ရေးကြရာမှာ အချို့တွေက ဒေါ်စုက ကိုဖီအာနန်ကို ဖိတ်ခေါ်လို့ လာတယ်ဆိုတဲ့ အချက်ကို ကိုင်ဆွဲ ရေးသားကြတာ တွေ့ရတယ်...... ဒီအပေါ် အခြေခံပြီး အကောင်းမြင်သဘောမျိုး သုံးသပ်တာကို တွေ့ရတယ်........
.
ရခိုင်အရေးကိစ္စဟာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတစ်ခု...... ဒီလိုကိစ္စမျိုးမှာ အကောင်းမြင်တာတွေ၊ အဆိုးမြင်တာတွေထက် ပကတိ အခြေအနေမှန်ပေါ် မူတည်ပြီး သုံးသပ်ရမှာပဲ....... ကိုဖီအာနန်လို ကုလ အတွင်းရေးမှူးချုပ် ဖြစ်နေစဉ် ကာလအတွင်း မြန်မာနိုင်ငံက ဘင်္ဂါလီတွေကိစ္စ ကိုင်တွယ်ပုံတွေကို ပြန်လည် လေ့လာကြည့်ရုံနဲ့တင် သူဟာ ဒီကော်မရှင်မှာ ပါသင့် မပါသင့်ကို ဆုံးဖြတ်နိုင်မှာပါပဲ.......
.
နောက်တစ်ချက်က တကယ်လို့ ကိုဖီအာနန်တို့ကို အစိုးရက ဖိတ်ခေါ်တာမဟုတ်ပဲ သူတို့ဘက်က ကမ်းလှမ်းလာခဲ့တာ ဆိုရင်ရော ဆိုတဲ့အချက်....... မြန်မာနိုင်ငံအရေးကို ဝင်ရောက် ကူညီချင်ပါတယ်ဆိုတဲ့ နိုင်ငံခြားသား အများအပြား ရှိကြတယ်...... ဒီအတွက်ကြောင့် အရေးကြီးတဲ့အချက်က တစ်ဘက်နဲ့တစ်ဘက်ကြား ချုပ်ဆိုမယ့် နားလည်မှု သဝန်လွှာပဲ......
.
လက်ရှိမှာ ဒီ MoU ကို ရှေ့နေချုပ် ရုံးကို ပို့ထားတယ်..... ရှေ့နေချုပ်ရုံးက အကြောင်ပြန်ကြားချက် ပို့ထားတယ်...... ဒီအပေါ် မူတည်ပြီး ကိုဖီအာနန် ရောက်လာတဲ့အခါမှာ ဆောင်ရွက်မယ်လို့ သတင်းမှာ ဖတ်လိုက်ရတယ်...... ဒါကိုကြည့်ခြင်းအားဖြင့် ဒီကော်မရှင်မှာ ကိုဖီအာနန်ပါဝင်ဖို့ သေခြာသလောက် ဖြစ်နေပြီ.....
.
ဒီလို တစ်မျိုးသားလုံး အရေးကိစ္စနဲ့ ဆိုင်တဲ့ MoU ဟာ အများပြည်သူ သိသင့်တယ်....... ဒီကိစ္စအပေါ်မှာ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်တယ်...... ဒီ MoU ထဲမှာ ဘာ အချက်တွေ ချုပ်ဆိုထားသလဲ၊ ဘယ်လိုနားလည်မှုတွေ ပါသလဲ....... ကိုဖီအာနန် ဖောင်ဒေးရှင်းက ဒီလိုပါဝင်တဲ့အတွက် ငွေကြေးဆိုင်ရာအချက် အစရှိတာတွေဟာ ပြည်သူလူထု သိဖို့လိုအပ်တယ်.......
.
ဒီမိုကရေစီ တသွင်သွင် ကြွေးကျော်ခဲ့ပြီး ကိုယ်တိုင် အစိုးရလုပ်တဲ့အချိန်မှာ ပွင့်လင်းမြင်သာမှု ရှိစေရမယ်လို့ ကြွေးကျော်ခဲ့တဲ့ NLD အစိုးရအနေနဲ့ စစ်အစိုးရ လက်ထက်က သတင်းအမှောင်ချတာတွေ ဆက်မလုပ်သင့်တော့ပါလို့ ထောက်ပြချင်ပါတယ်.......

VOJ

No comments: