Monday, August 29, 2016

ကျာက်ခွက်-လက်ပံတို-အရာတော် ရေနံပိုက်လိုင်း၎ နေရာပိုက်လိုင်းပေါက် မှုဖြစ်ပွား


ပခုက္ကူ သြဂုတ် ၂၈

ကျောက်ခွက်-လက်ပံတို ရေနံမြေမှ အရာတော်သို့သွယ်တန်းပို့ လွှတ်လျက်ရှိသော ဂ လက်မ ရေနံပိုက် လိုင်းသည် သြဂုတ် ၂၈ ရက်နံနက်၈နာ ရီခန့် က ပခုက္ကူမြို့နယ်အတွင်း ၄ နေရာပိုက်လိုင်းပေါက်မှုဖြစ်ပွားသည်။

ပခုက္ကူမြို့နယ်၊ကမ္မမြို့ အမှတ် ၂ ရပ်ကွက်အတွင်းရှိ ဦးမျိုးဝင်း၏နေအိမ်ဝိုင်း အတွင်းနှင့် ဦးလူချင်း၏နေ အိမ်ဝင်းအတွင်း တို့တွင်လည်းကောင်း၊ ကမ္မ-မြစ်ခြေကားလမ်း မိုင်တိုင် ၈မိုင်၁ဖာလုံနှင့် ၈မိုင်၂ဖာလုံကြားတစ်နေရာနှင့် မိုင်တိုင် ၅မိုင် ၆ဖာလုံ အနီး(ကျတ်ထိုးကျေးရွာအနီး) တို့တွင်လည်းကောင်း ရေနံပိုက်လိုင်း ၄ နေရာပေါက်မှုဖြစ် ပွားခြင်းဖြစ်သည်။

အဆိုပါပိုက်လိုင်းပေါက်သည့်နေရာများသို့ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ပခုက္ကူမြို့နယ်အုပ် ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ကမ္မမြို့အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင် ၊မီးသတ်တပ်ဖွဲ့ဝင်များ၊သာကြီးတောင်၊ လက်ပံတိုရေနံ မြေများမှတာဝန်ရှိသူများအချိန်မှီရောက်ရှိပြီး အပေါက်ဖာထေးခြင်း၊ ယိုစိမ့်သောရေနံများခပ်ယူခြင်း၊ မီးသတ်ဆေး မြှုပ်ဖြန်းခြင်း၊လုံခြုံရေးချထားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါရေနံပိုက်လိုင်းသည် သက်တမ်း ၂၅ နှစ်ခန့်ရှိပြီး သြဂုတ်လ ၂ ၄ ရက်နေ့ကလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ဆွေးမြေ့နေသည့်နေရာများမှ ယိုစိမ့်ပေါက်ပြဲရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများ၏ပြောကြားချက် အရသိရသည်။ ရေနံပိုက်လိုင်း ပေါက်မှုကြောင့်လူနှင့်တိရစ္ဆာန်များ ထိုခိုက်ပျက်စီးမှုမရှိသော် လည်း၊ကမ္မမြို့အတွင်းမှ အမှတ်၂၊၃၊၅၊၁၂ ရပ်ကွက်အတွင်းဖြတ်သန်းသွားသဖြင့် ပိုက်လိုင်းပေါက်ချိန်မီးသုံးစွဲပါက အန္တရာယ်များကြောင်းသိရ သည်။

ဒေသခံတစ်ဦးက “ ပိုက်လိုင်းပေါက်တော့သဘာဝပတ်ဝန်းကျင်လည်း၊ ညစ်ညမ်းတယ်၊ ရပ်ကွက်ထဲမှာ ဖြတ်သန်းပြီး ယခုလိုပေါက်တော့ မီးလောင်မှာစိုးရိမ်ရတယ်၊ ပိုက်လိုင်းကိုတော့ ခိုင်ခိုင်ခန့်ခန့်ဖြစ်စေချင်ပါတယ် ” ဟု ပြောကြားသည်။

ကိုဇော်(ဓာတု)

No comments: