Tuesday, August 30, 2016

လိုင်စင်ရအဆောက်အအုံ ကန်ထရိုက်တာများအသင်း ဖွဲ့စည်းမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လိုင်စင်ရ အဆောက်အအုံ ကန်ထရိုက်တာများအသင်း Y.C.D.C L/C Association ဖွဲ့စည်းရေး အစည်းအဝေးကို သြဂုတ်လ ၃၁ ရက်နေ့တွင် Dolphin Resturant ၌ ပြုလုပ်မည်ဖြစ်ကြောင်း လိုင်စင်ရ ကန်ထရိုက်တာများ အသင်း (ယာယီ)မှ သိရသည်။
 
အဆိုပါ အစည်းအဝေးပွဲတွင် လိုင်စင်ရ ကန်ထရိုက်တာများမှ မိမိတို့ကြုံတွေ့ရင်ဆိုင်နေရသည့် အခက်အခဲများ၊ အသင်းအား အကြံပြုမည့် ကိစ္စများအား စာဖြင့် တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း အဆောက်အအုံ တည်ဆောက်ရာတွင် လုံခြုံ၊ စည်းစနစ်ကျပြီး အရည်အသွေး ပြည့်ဝသော အဆောက်အအုံများ ပေါ်ထွက်လာရေး၊ မြို့တော်အင်္ဂါရပ်နှင့်အညီ လိုအပ်သည့် စည်းမျဉ်းဥပဒေများ ၀ိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြနိုင်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်၍ ပူးပေါင်းညှိနှိုင်းဖြေရှင်း ဆောင်ရွက်နိုင်ရေး စသည့် ရည်ရွယ်ချက်များအတွက် အသင်းဖွဲ့စည်းရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါ အစည်းအဝေးပွဲသို့ Y.C.D.C L/C Contractor များ၊ Contractor လုပ်ငန်းဆောင်ရွက်နေသူများ၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် ကုမ္ပ္ပဏီ ပိုင်ရှင်များ၊ ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် ပညာရှင်ပုဂ္ဂိုလ်များ ကြိုတင် စာရင်းပေးသွင်းကာ မပျက်မကွက် တက်ရောက်ပါရန် ဖိတ်ကြားထားသည်ဟု ဆိုသည်။
 
ဝသန်
The Ladies News

No comments: