Tuesday, August 30, 2016

စစ်ကိုင်းတိုင်း ခန္တီးခရိုင်အချုပ်ခန်းမှ အချုပ်ခန်းဖောက်ပြေးသူ ကိုး ဦးအနက်မှ တစ်ဦးကို ဖမ်းဆီးရမိခြင်းမရှိသေး ======================================


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အချုပ်ခန်းတွင် သြဂုတ် ၂၆ ရက်၊ ညပိုင်းက အချုပ်ခန်းဖောက်၍ ထွက်ပြေးသူ ကိုး ဦးအနက်မှ ရှစ် ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး လက်ရှိအချိန်အထိ လွတ်မြောက်နေသည့်အချုပ် သားတစ်ဦးအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ခန္တီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ခန္တီးအချုပ်ခန်းမှ အချုပ်သား ကိုး ဦးတို့သည် အချုပ်တံခါးကိုဖွင့်ကာ ထွက်ပြေးရန်ကြိုးစားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်၍ လုံးထွေးဖမ်းဆီးခဲ့ရပြီး ထွက်ပြေးသူများအနက်မှ ရှစ် ဦးကို ပြန်လည်ဖမ်းဆီးမိပြီးဖြစ်သော် လည်း တစ် ဦးမှာ လွတ်မြောက်နေရာ အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။ “ထွက်ပြေးတဲ့အချုပ်သားတွေကို ဖမ်းဆီးရာမှာ ကျွန်တော်လည်း ဒဏ်ရာရခဲ့တာကြောင့် ဆေးရုံတက်ကုသနေရ တာပါ။ အခြားရဲတပ်ဖွဲ့ဝင် သုံး ဦး နဲ့ အချုပ်ကျတရားခံ သုံး ဦးလည်း ဒဏ်ရာရရှိခဲ့လို့ ဆေးရုံမှာ တက်ရောက်ကုသ နေရပါတယ်။”ခန္တီးမြို့မ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝေဖြိုးလွင်က ပြောသည်။ ထိုသို့ အချုပ်ခန်းဖောက်ပြေးသူ ကိုး ဦးကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ၆(၁)၊ တာဝန်ထမ်းဆောင်သော ဝန်ထမ်းအား ပြန်လည်ခုခံရိုက်နှက်သဖြင့် ရာဇသတ်ကြီးပုဒ်မ(၃၃၃)၊ ပြစ်မှုဖြင့် တရားဝင်ချုပ်နှောင်ခံထားရပြီး အချုပ်ခန်းအပြင်သို့ ဖောက်ဖျက်ထွက်ပြေးသည့်အတွက် ရာဇသတ်ကြီးပုဒ်မ(၂၂၄)တို့ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း ခန္တီးမြို့မရဲစခန်းမှ သိရသည်။ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကိုလည်း သြဂုတ် ၂၈ ရက်တွင် စတင်ဖမ်းဆီးပြီး ရဲစည်းကမ်းဥပဒေနှင့်အညီ ရဲလုပ်ထုံးလုပ်နည်းအရ အရေးယူမှုများ ဆက်လက် ဆောင်ရွက် နေကြောင်း ခန္တီးမြို့မ ရဲစခန်းမှ သိရသည်။

No comments: