Sunday, August 28, 2016

ပဲခူးတက္ကသိုလ်စာသင်ဆောင်တွင် ဖြစ်ပွားခဲ့သည့် ဓားထိုးမှု၌ပါဝင်သော ကျောင်းသားနှစ်ဦးကို ဖမ်းမိ

 ပဲခူးမြို့ ဥဿာမြို့သစ် (၉)ရပ်ကွက် ပဲခူးတက္ကသိုလ် ရုက္ခဗေဒစာသင်ဆောင်ရှေ့တွင်   ဓားဖြင့်ထိုးသည့် ကျောင်းသားနှစ်ဦးကို သြဂုတ် ၂၇ ရက် နံနက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရ ရှိသည်။
ပဲခူးတက္ကသိုလ်ကျောင်းအ တွင်းသို့ သြဂုတ် ၂၅ ရက် နံနက် တွင် ၀င်ရောက်ခဲ့သည့် ကျောင်း သားနှစ်ဦးမှာ အဝေးသင်တက္က သိုလ် တက်ရောက်နေသည့် ကျောင်းသားများဖြစ်ပြီး အမျိုး  သမီးကိစ္စဖြင့် ကျောင်းသားတစ် ဦးကို လာရောက်မေးမြန်းရာမှ ရန်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူး အ မှတ် (၃) ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

‘‘ကောင်မလေးကို စနောက် တဲ့ကျောင်းသားကို ၀င်ပြီးရှာကြ တယ်။ ကျောင်းခန်းရှေ့ရောက် တော့ နာမည်ခေါ်ပြီးမေးတယ်။ ကျောင်းသားတွေက မရှိဘူးပြော တော့ အတန်းခေါင်းဆောင်ကို ခေါ်မေးတယ်။ အဲဒီမှာ တစ် ယောက်တစ်ခွန်း စကားများပြီး ဓားနဲ့ထိုးပြီး ထွက်ပြေးတာပါ’’ဟု အဆိုပါရဲအရာရှိကပြောသည်။
 ဓားဖြင့်ထိုးခဲ့၍ အသက် (၁၇)နှစ်အရွယ် ရုက္ခဗေဒ (ပထမနှစ်)ကျောင်းသား ဟိန်းထက် မှာ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ရရှိပြီး ထမင်းချိုင့်ဖြင့် ထပ်မံ အရိုက်ခံရသည့်အတွက် ဦးခေါင်း၌ ပေါက်ပြဲဒဏ်ရာရရှိခဲ့ကာ ပဲခူးပြည်သူ့ဆေးရုံတွင် ပြင်ပလူနာ (မစိုးရိမ်ရ)ဖြင့် တက်ရောက်ကုသနေကြောင်း ပဲခူးတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြော သည်။
‘‘သူတို့နှစ်ယောက်မှာ ဓား တစ်ယောက်တစ်ချောင်း ပါ တယ်။ ဓားနဲ့ လည်ပင်းထောက် ထားတော့ ကျန်တဲ့ကျောင်းသား တွေက ၀င်ဆွဲရင်း လည်ပင်းထိ သွားတယ်။ နောက်တစ်ယောက် ကတော့ စတီးချိုင့်နဲ့ ၀င်ရိုက် တယ်။ ကျောင်းသားတွေ ၀ိုင်း လိုက်တော့ ဆိုင်ကယ်စီးပြီးထွက် ပြေးသွားတယ်’’ဟု ၎င်းကပြော ကြားသည်။
ပြစ်မှုကျူးလွန်သူ နှစ်ဦးမှာ ပဲခူးမြို့တွင်နေထိုင်သူ အသက် (၂၁)နှစ်အရွယ် ဝေယံဖြိုးအောင်  ဒုတိယနှစ် (သင်္ချာ)နှင့် (၂၂) နှစ် အရွယ်ရှိ ကောင်းမြတ် တတိယ နှစ် (ရူပဗေဒ) အဝေးသင်တက် ရောက်နေသူများဖြစ်ပြီး ၎င်းတို့ကို အမှတ်(၃)နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၄/၃၂၃/ ၁၁၄ အရ အမှုဖွင့်စစ်ဆေးနေ ကြောင်း သိရသည်။

No comments: