မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, August 28, 2016
ကျောက်ပန်းတောင်းတွင် ရွှေပါရမီဖောင်ဒေးရှင်းမှ လူဦးရေတစ်သောင်းကျော်ကို အခမဲ့ဆေးကုသပေးမည် ==================================
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဆင်းရဲချို့တဲ့သဖြင့် ဆေးမကုသနိုင်သောသူများ အတွက် ရွှေပါရမီ ကျောက်ပန်းတောင်း ဆေးကုသမှုအစီအစဉ်ဖြင့် စက်တင်ဘာ တစ် ရက်မှစတင်၍ ငါး ရက်တာ အခမဲ့ဆေးကုသပေးသွားမည်ဖြစ်ကြောင်း ရွှေပါရမီဖောင်ဒေးရှင်းထံမှ သိရှိရသည်။ကျောက်ပန်းတောင်းမြို့နယ်၊ ရွှေနဒီဘုန်းကြီးကျောင်းတွင် စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ ကုသပေးမည် ဖြစ်ပြီး ဆင်းရဲချို့တဲ့ ဆေးဝါးမကုသနိုင်သော ကျေးရွာများမှ လူဦးရေတစ်သောင်းကျော်ကို အခမဲ့ကုသပေး သွားမည်ဖြစ်ကြောင်း သိရသည်။ ရွှေပါရမီကျောက်ပန်းတောင်းဆေးကုသမှုအစီအစဉ်အတွက် ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် From Our Heart Group ကလည်း ကျပ်သိန်း ၂၇၀ ကို ပံ့ပိုးလှူဒါန်းခဲ့ပြီး ဆေးကုသမှုအစီအစဉ်တွင်လည်း လုပ်အားပေး လိုက်လံ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။“ရွှေပါရမီဖောင်ဒေးရှင်းက သုံး ပါတ်လောက်အလိုတည်းက ရွာတွေကိုကြော်ငြာတွေဝေထားမယ်။ ရွာတွေထဲက လည်ပင်းကြီးရောဂါဖြစ်သူတွေ ဆီးချိုအစရှိတဲ့ ရောဂါစစ်တမ်းကြိုလိုက်ကောက်တယ်။ လုပ်အားပေးတွေ လည်းပါတယ်။ ကျွန်မတို့အုပ်စုလေးဖွဲ့ပြီးလှူလိုက်တဲ့ ပိုက်ဆံသိန်း ၂၇၀ က ဆေးကုသစရိတ်မတတ်နိုင်တဲ့ ပြည်သူတွေအတွက် အလွန်အကျိုးရှိမယ်လို့မြင်ပါတယ်။”ဟု From Our Heart Group အဖွဲ့ဝင်၊ အလှူရှင် ဒေါ်ပိုးဖြူကပြောသည်။ရွှေပါရမီ ကျောက်ပန်းတောင်းဆေးကုသမှုအစီအစဉ်တွင် လည်ပင်းကြီးရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါ များ၊ ဆီးချို၊ သွေးတိုးများအပြင် နှုတ်ခမ်းခွဲ၊ အာခေါင်ခွဲ၊ အမျိုးသမီးနှင့်ဆိုင်သည့်ရောဂါများကို ဝါရင့်အထူးကု ဆရာဝန်ပေါင်း ၆၀ ဦးအပါအဝင် လုပ်အားပေး ၁၅၀ ဦးကလည်း လိုက်ပါကုသပေးမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment