Sunday, August 28, 2016

ဘီးလင်းတွင် ဝါးဖြင့်ပြုလုပ်သည့် ပစ္စည်းလုပ်ကိုင်သူများ အကျိုးအမြတ်နည်းပါးနေ ====================


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဝါးကုန်ကြမ်းဈေးနှုန်းမြင့်တက်လာသောကြောင့် ဝါးဖြင့်ပြုလုပ်သည့် လူ သုံးကုန်ပစ္စည်းထုတ်လုပ်သူများ အကျိုးအမြတ်ရရှိမှုနည်းပါးလာကြောင်း သိရှိရသည်။ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ သပြေနီကျေးရွာအနီးဝန်းကျင်ဒေသခံအများစုသည် ဝါး ဖြင့်ပြုလုပ်သော လူသုံးကုန်ပစ္စည်းများဖြစ်သည့် ကုလားထိုင်၊ ကုတင်၊ ခြံစည်းရိုးဝါးကပ်များ တစ်နိုင်တစ်ပိုင်ပြု လုပ်ကြသူများဖြစ်ပြီး ဒေသအတွင်း ဝါးများရှားပါးလာသဖြင့် ကုန်ကြမ်းဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။"ကုလားထိုင်တွေလုပ်ရာမှာသုံးတဲ့ ဝါးမြက်ဆံကျယ်တွေက ရှားလာတယ်။ ခုလိုမိုးတွင်းပိုင်းဆို ပိုခက်ခဲတယ်။ အ လုပ်ပါးတဲ့အချိန်ဆို ကိုယ်တိုင်တောထဲဝင်ခုတ်ရ တယ်။ နွေဖက်အလုပ်များလာရင်တော့ သူများဆီကတဆင့် ဝယ်ရတယ်။ ဝါးဈေးက တစ်နှစ်ထက်တစ်နှစ်တက်လာတော့ လုပ်အားခကသိပ်မကျန်တော့ဘူး။ ခါတိုင်းနှစ်တွေ လှည်းတစ်စီးတိုက် ဝါးတွေဝယ်ပြီးလုပ်ရင် ကိုယ့်အတွက်က တစ်ဝက်လောက်ကျန်သေးတယ်။ အခုနှစ်တွေဆို သေချာစေ့စပ်လုပ်နိုင်မှ တစ်ဝက်ကျန်ဖို့အနိုင်နိုင်ပါ''ဟု ဝါးကုလားထိုင်များပြုလုပ်သူ မသက်မာကပြောသည်။ဘီးလင်းမြို့နယ်တွင် ဝါးခုတ်ထွင်မှုများပြားလာခြင်းကြောင့် ဒေသတွင်းဝါးရှားပါးလာကာ ကုလားထိုင်၊ ကုတင်၊ ဝါးကပ်များပြုလုပ်ရာတွင်အသုံးပြုသော ဝါးမြက်ဆံကျယ်များသည် ၂၀၁၄ ခုနှစ်အထိ နွားလှည်းတစ်စီးတိုက် လျှင် ကျပ် ၁၀၀၀၀ ဝန်းကျင်ခန့်သာပေးခဲ့ရသော်လည်း လက်ရှိတွင်ဝါးရှားပါးလာသဖြင့် ကျပ် ၁၅၀၀၀ ခန့်ထိ ပေး၍ အသုံးပြုနေရကြောင်း သိရသည်။ဝါးဖြင့်ပြုလုပ်သောပစ္စည်းများကို နွေကာလများတွင် ဖောက်သည်မှာယူမှုများသဖြင့် အလုပ်မပြတ်သော်လည်း မိုးတွင်းကာလတွင်အမှာနည်းသဖြင့် အလုပ်မရှိသည့်အပြင် ဝါးဈေးနှုန်းမြင့်တက်နေပြီး အလုပ်အကိုင်အဆင်မ ပြေသောကြောင့် စားဝတ်နေရေးခက်ခဲရကြောင်း ဝါးဖြင့်လူသုံးကုန်ပစ္စည်းလုပ်ကိုင်နေသူများထံမှ သိရသည်။"ကျွန်တော်တို့က လုပ်တဲ့သူတွေဆီကတဆင့်ပြန်ယူရောင်းရတာပါ။ နွေပိုင်း ရောင်းကောင်းတဲ့အချိန်ကျတော့ သူတို့ကိုဈေးပိုပေးတယ်။ မိုးတွင်းကျရောင်းမကောင်းတော့ ဈေးလျှော့ဝယ်ရတယ်။ ကုန်ကြမ်းဈေးတက်ပြီး ကုန် ချောကဈေးမရတော့ သူတို့လည်းအဆင်မပြေသလို ကျွန်တော်တို့လည်းအမြတ်နည်းတယ်''ဟု ဘီးလင်းမြို့၊ ရွှေ ကံ့ကော် လက်ဆောင်စ္စည်းအရောင်းဆိုင်မှ ကိုဇော်ဆက်နိုင်ကပြောသည်။မိုးတွင်း ကာလတွင် ဝါးဖြင့်ပြုလုပ်သော တစ်ယောက်ထိုင်ကုလားထိုင်တစ်လုံးလျှင် ကျပ် ၂၀၀၀၊ နှစ်ယောက် ထိုင်တစ်လုံးလျှင် ကျပ် ၃၅၀၀၊ တစ်ယောက်အိပ်ကုတင်တစ်လုံးလျှင် ၆၅၀၀ ကျပ်နှင့် နှစ်ယောက်အိပ်ကုတင် တစ်လုံးလျှင် ၉၅၀၀ကျပ်၊ တစ်ယောက်ထိုင်ကုလားထိုင်တစ်လုံးလျှင် ၃၅၀၀ ကျပ်၊ ဝါးကပ် ၃ပေx၆ပေ တစ် ချပ်လျှင် ၃၅၀၀ ကျပ်နှုန်းဖြင့် ဖောက်သည်ဈေးရရှိကြပြီး ပြန် လည်ရောင်းချရာတွင် ၁၀၀၀ မှ ၁၅၀၀ ကျပ်ခန့် ဈေးတင်ကာ တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိသည့်အပြင် ပွင့်လင်းရာသီတွင် ဈေးနှုန်းမြှင့်၍ရောင်းချကြောင်း သိရသည်။

No comments: