Wednesday, August 31, 2016

Galaxy S8 တွင် ကျောဘက်ကင်မရာနှစ်ခု၊ လျင်မြန်သည့် 8MP selfie ကင်မရာနှင့် iris scanner ပါဝင်မည်ဟုဆို

Galaxy Note 7 ကို တရားဝင် မိတ်ဆက်ပေးခဲ့ပြီးနောက် ယခုအခါ လာမည့်နှစ်တွင် ဖြန့်ချိမည့် Galaxy S8 နှင့်ပတ်သက်သည့် ကောလာဟလသတင်းများ စတင်ထွက်ပေါ်လာခဲ့သည်။
တရုတ်နိုင်ငံမှ ထွက်ပေါ်လာသော ကောလာဟလသတင်းတစ်ရပ်အရ Galaxy S8 တွင် ကျောဘက်ကင်မရာနှစ်ခုပါဝင်မည်ဖြစ်ပြီး ကင်မရာတစ်ခုက 12 MP resolution ဖြစ်ကာ ကျန်တစ်ခုက 13 MP ဖြစ်ကြောင်း သိရသည်။
Galaxy S8 ၏ အရှေ့ဘက်ကင်မရာက 8 MP ဖြစ်ဖြစ်ပြီး display ၏ အပေါ်ဘက်တွင် ကင်မရာတစ်ခု ထပ်မံပါဝင်ကာ ၎င်းမှာ Note 7 တွင် မိတ်ဆက်ပေးခဲ့သော iris scanner ဖြစ်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
အခြားအသေးစိတ်အချက်အလက်များကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။
Ref: GSMArena

No comments: