ယာဉ်ထိန်းရဲတပ်ဖွဲ့ Viber မှတဆင့် ၁ နှစ်အတွင်း အကြိမ် နှစ်သောင်းခန့် တိုင်တန်း
- By ပိုင်စိုးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်တွေကို Viber ကတဆင့်
တိုင်ကြားခဲ့တာဟာ တစ်နှစ်ကာလအတွင်း အကြိမ်ပေါင်း နှစ်သောင်းလောက်
ရှိခဲ့ပါတယ်။
“အခု သြဂုတ်လ ၂၅ ရက်နေ့အထိ တိုင်ကြားမှုက ၁၆၄၂၇ ကြိမ် တိုင်တန်းခဲ့ပြီး
မော်တော်ယာဉ် ဥပဒေအရ အရေးယူမှု အနေနဲ့ ၁၁၆၆၇ မှု အရေးယူခဲ့ပါတယ်။ ဒဏ်ဆောင်မှု
အနေနဲ့ကတော့ ၄၀၀၆ မှု ဒဏ်ဆောင်ပြီး ဖြစ်ပါတယ်” လို့ အမှတ် ၂
ယာဉ်ထိန်းရဲ့ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး အောင်ကိုဦးက ပြောပါတယ်။
အမှု လက်ကျန်က ၇၆၀၀ ကျော်ရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အွန်လိုင်းက တိုင်ကြားနိုင်တဲ့ Online Complaint Centre ဟာ သြဂုတ် ၁၂
ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့တာပါ။ တိုင်ကြားမယ်ဆိုရင် နံပါတ်ထင်ရှားတဲ့
ဓာတ်ပုံ မှတ်တမ်းတွေနဲ့အတူ နေ့ရက်၊ အချိန်၊ နေရာတွေကို ဖော်ပြ
ပေးပို့ရမှာပါ။
အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရဲ့ Viber နံပါတ်တွေကတော့ ၀၉ ၇၇၇ ၄၃ ၆၂၃၂၊ ၀၉ ၇၇၇ ၄၃ ၆၂၃၃၊ ၀၉ ၇၇၇ ၄၃ ၆၂၃၄ တို့ ဖြစ်ပါတယ်။
No comments:
Post a Comment