Tuesday, August 30, 2016

မုန်းချောင်းကမ်းပါးတွင် အမျိုးသမီးကြီးတစ်ဦး သေဆုံး

တောင်ငူ၊ သြဂုတ် ၃၀

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ မီးတိုင်တောကျေးရွာအုပ်စု ကျောင်းစုကျေးရွာ အနီး မုန်းချောင်းကမ်းပါးတွင် သြဂုတ် ၂၉ ရက် နံနက် ၁၀ နာရီခွဲခန့်က အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီး သေဆုံးခဲ့ကြောင်း ယင်းဒေသ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ကျေးရွာတွင် နေထိုင်သော ဒေါ်နော်နေဖောမှာ ယင်းနေ့ နံနက်က နေအိမ်မှ ထွက်ခွာသွားပြီးနောက် ချောင်းကမ်းပါးတွင် ခြေလက်များ ဖွေးကာ ပါးစပ်မှ အမြုပ်များထွက်ပြီး ရင်ဘတ်နှင့်
ကျောဘက်တို့တွင် ညိုမဲကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ရေနစ်သေဆုံးသော လက္ခဏာများကို တွေ့ရှိရသော်လည်း ဆေးစစ်ချက်အဖြေကို စောင့်ကြည်ရမည်ဖြစ်ပြီး သေမှုသေခင်း အမှတ်စဉ်ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း မုန်းဒေသနယ်မြေရဲစခန်းမှ ရဲအုပ်သန်းထိုက်ထွေးက ပြောကြားသည်။

No comments: