Monday, August 29, 2016

န၀ဒေးစက်မှုဇုန်တွင် မြေကွက်ဝယ်ထားပြီး လုပ်ငန်းမလုပ်သည့် မြေကွက်များ ပြန်သိမ်းမည်ဟု ပဲခူးတိုင်းဝန်ကြီးချုပ်ပြော

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်မြို့စက်မှုလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
 ပြည်မြို့ရှိ န၀ဒေးစက်မှုဇုန် တွင် မြေကွက်များ ၀ယ်ယူထားပြီး လုပ်ငန်းလုပ်ကိုင်မှုမရှိသည့် မြေ ကွက်များ ပြန်လည်သိမ်းဆည်း မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။
‘‘စက်မှုဇုန်မြေကွက်တွေကို ၀ယ်ပြီး စက်မှုလုပ်ငန်းမလုပ်ရင် နိုင်ငံတော်ရော လုပ်ငန်းရှင် အ တွက်ပါ ဘာအကျိုးမှမရှိဘူး။ စက်မှုလုပ်ငန်း လုပ်ဦးမှာလား၊ စဉ်းစားခွင့်ရက် သတ်မှတ်ပေး မယ်။ ဒီကာလမှာ သူတို့မလုပ်နိုင် လို့ လုပ်နိုင်သူကို ပြန်ရောင်းချင် လည်း ရောင်းပေါ့။ ရောင်းလည်း မရ၊ လုပ်လည်းမလုပ်နိုင်ဘဲ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားပြီဆို ရင် ပြန်သိမ်းရမယ်’’ဟု သြဂုတ် ၂၈ ရက်က ပြည်မြို့ရှိန၀ဒေးစက်မှုဇုန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရနှင့် စက်မှုလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲ၌ ၀န်ကြီးချုပ်ကပြောကြားသည်။
ဝန်ကြီးချုပ်က စက်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် တိုင်း ဒေသကြီး အစိုးရအဖွဲ့က အကောင်းဆုံးဆောင်ရွက်ပေးမည် ဖြစ်ပြီး လုပ်ငန်းရှင်များဘက်က လည်း အရည်အသွေးပြည့် ထုတ် ကုန်များ ပိုမိုထုတ်လုပ်ရန် ကြိုး စားကြစေလိုကြောင်း ဆက်လက် ပြောကြားသည်။
 ‘‘စက်မှု လုပ်ငန်းရှင်တွေ ဘက်ကလည်း ထုတ်ကုန်တွေကို အရည်အသွေးပြည့်မီပြီး ပိုမို ထုတ်လုပ်နိုင်အောင်ကြိုးစားပါ။ တိုးတက်ပြောင်းလဲလာတဲ့ခေတ် ကာလနဲ့အညီ လိုက်လျောညီထွေ အောင်၊ နည်းပညာတွေမြှင့်တင် နိုင်အောင် ကြိုးစားဖို့လိုတယ်။ စနစ်တကျရှိပြီး အန္တရာယ်မဖြစ် စေမယ့် စားသောက်ကုန်ထုတ် လုပ်မှုလုပ်ငန်းတွေလည်း ဆောင် ရွက်ပါ။ လုပ်ငန်းရှင်တွေအတွက် အစိုးရဘက်က ဖြည့်ဆည်းပေးရမယ့် လိုအပ်မှုတွေကို လုပ်ငန်း စီမံ ကြီးကြပ်မှုအဖွဲ့တွေထံတင်ပြတောင်းဆိုပါ’’ဟု ပဲခူးတိုင်းဒေသ ကြီး ၀န်ကြီးချုပ်က ပြောသည်။
န၀ဒေး စက်မှုဇုန်ကို ၂၀၀၃ တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စက်မှုလုပ်ငန်း လုပ်ကိုင်နိုင်ရန် ပြည်ခရိုင် အုပ် ချုပ်ရေးဌာနက ပေတစ်ရာ ပတ် လည်ရှိ မြေကွက် ၃၂၄ ကွက်ကို အကွက်ရိုက် ရောင်းချခဲ့သည်။
မြေကွက်များအားလုံးတွင် အမည်ပေါက်ဝယ်ယူထားသည့် ပိုင်ရှင်များရှိသော်လည်း စက်မှု လုပ်ငန်းလုပ်ကိုင်သည့် မြေကွက် ၃၀ ခန့်သာရှိကြောင်း၊ လုပ်ကိုင် သည့်လုပ်ငန်းများက ဆန်စက်၊ ဆီစက်လုပ်ငန်း၊ ကားဘော်ဒီ၊ ဘက်ထရီ၊ ပဲခွဲစက်၊ ရေသန့် စ သည့်လုပ်ငန်းများသာရှိပြီး စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအား နည်းနေကြောင်း၊ ပြည်မြို့နယ် စက်မှုလုပ်ငန်းစီမံခန့်ခွဲရေးကော် မတီက ၀န်ကြီးချုပ်ထံ တင်ပြခဲ့ သည်။
ထို့အပြင် စက်မှုဇုန်အတွင်း ကျူးကျော်နေထိုင်နေခြင်းများနှင့် ပတ်သက်၍ စက်မှုဇုန် မြေဧရိယာကို မြေစာရင်းဌာနက ထုတ်ပြန်ပေးရန်၊ စက်မှုဇုန်အတွင်း လာရောက်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်ဓာတ်အားဆုံးရှုံးမှုနှင့် ပတ်သက်၍ မီတာခထပ်ဆောင်း ပေးဆောင်နေရခြင်းများစသည့် အခက်အခဲများက စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးတွက် အနှောင့်အယှက်ဖြစ်နေကြောင်း လုပ်ငန်းရှင်များက တင်ပြသည်။
‘‘စက်မှုဇုန်တွေ မြို့ပြင်မှာ သတ်မှတ်ပေးပြီး မြို့ထဲမှာ မလုပ် ဖို့ တားမြစ်ချက်တွေထုတ်ထားပေ မယ့် မြို့ထဲမှာ လုပ်နေတဲ့လုပ်ငန်း တွေ အများကြီးရှိနေတယ်။ အ ကြောင်းရင်းကတော့ မြို့ထဲမှာ အခြေကျပြီးသားဖြစ်နေတယ်။ မြို့ပြင်ဇုန်ဘက်ကို ပြောင်းရင် ပြောင်းရွှေ့တည်ဆောက်စရိတ် တွေ ကုန်မှာစိုးတယ်။ ဒါ့အပြင် ဓာတ်အားဆုံးရှုံးမှုအတွက် မီတာ ခပေးဆောင်ရာမှာလည်း မြို့အ ပြင်ဇုန်လုပ်ငန်းရှင်တွေက မြို့ထဲ က လုပ်ငန်းတွေထက် နှစ်ဆ လောက်ပိုဆောင်နေရတာကို သိ ကြတယ်။ ဒါကြောင့် မြို့အပြင်ဇုန် ကို မလာချင်ကြဘူး’’ဟု ဆန်စက် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ သည်။
ဝန်ကြီးချုပ်၏ ပြည်မြို့ခရီး စဉ်တွင် စက်မှုလုပ်ငန်းရှင်များ အပြင် ပြည်ဈေးကြီးရှိ ဈေးသူဈေးသားများ၊ ပြည်ဟိုတယ်၊ အဝေးပြေးကားဂိတ်၊န၀ဒေး ကုန်တင်ကုန်ချ ကားဂိတ်များရှိ ဒေသခံများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။ ရွှေတောင်မြို့နယ်ရှိ ရေနစ်မြုပ်ရာ လယ်မြေများအတွက် မျိုးစပါးထောက်ပံ့ခဲ့သည်။

No comments: