Monday, March 23, 2015

ကေအိုင်အေတပ်စခန်းအား အစိုးရတပ်မှ ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်

ကေအိုင်အေတပ်စခန်းအား အစိုးရတပ်မှ ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ် မာန်ဝိန်းကြီးမြို့နယ်အနီး ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ နန်ဖြတ်ပို့စ်အား မတ်လ ၂၂ရက်နေ့ နေ့လည် နှင့် ညနေပိုင်းအချိန်တွင်အစိုးရတပ်မှ ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက် ခိုက်ခဲ့ ကြောင်းသတင်းရရှိသည်။ လွန်ခဲ့သည့် မတ်လ ၂၁ရက်နေ့တွင်စတင်ကာ ကိုင်းထိပါတွင် တပ်စွဲထားသည့် အစိုးရစစ်တပ် တပ်မ ၈၈ မှ ၁၂၀မမဖြင့်စတင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ကေအိုင်အိုအရာရှိတစ်ဦးမှဆိုသည်။ လက်နက်ကြီးဖြစ်ခတ်သော်လည်း ၄င်းတို့တပ်ထံထိမှန်ခြင်းမရှိပဲ အခြားတစ်ဖက်မှ အစိုးရတပ်အား ထိမှန်ခဲ့ရာ ဗိုလ်ကြီးအဆင့်အရာရှိတစ်ဦးကျဆုံးခဲ့ပြီး ထိုသို့ကျဆုံးသွားသည့်အတွက်ကြောင့် လေယာဉ်ဖြင့်လာ ရောက် ပစ်ခြင်းဖြစ်ကြောင်း ၄င်းမှဆက်လက်သုံးသပ်ပြောဆိုသည်။ အစိုးရစစ်တပ်မှ မာန်ဝိန်းကြီးမြို့နယ်အနီးတစ်ဝိုက်တွင် သစ်ခိုးလုပ်သည့်သူများအား ရှင်းလင်းရေး ဟုဆိုကာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ထိုအနီးအဝိုက်တွင်မှာ မည်သည့်သစ်လုပ်သည့်သူများမရှိ ကြောင်းကေအိုင်အို အရာရှိတစ်ဦးကဆိုသည်။ ကေအိုင်အေမှ တပ်စွဲထားသည့် နန်ဖြတ်ပို့အားသိမ်းရန် လွန်ခဲ့သည့် မတ်လ ၁၇ရက်နေ့မှစတင်ကာ အစိုးရစစ် တပ် တပ်မ ၈၈မှ စစ်အင်အား ၂၀၀ကျော် အင်အားဖြည့်ထားကြောင်းသိရသည်။ ကေအိုင်အို ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် သမ္မတ ဦးသိန်းစိန်၊ ကာချုပ် မင်းအောင်လှိုင်တို့ နှင့်တွေ့ဆုံပြီး နောက် ကေအိုင်အေ နှင့် အစိုးရတပ်ကြားတိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်သို့ ရောက်ရှိနေသည့် ကေအိုင်အိုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှ ယခုလို စစ်ကြောင်းထိုးခြင်း ဂျက်လေယာဉ်ဖြင့်လာရောက်ပစ်ခတ်သည့် အခြေအနေများအားဆက်လက်စုံးစမ်းလျက်ရှိပြီး ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှ တပ်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်မြင့်စိုးအားညှိနှိုင်းပြောဆိုရာ ၄င်းမှ မိမိတို့ တပ်အား ချက်ချင်းရုပ် သိမ်း ပေးမည်ဟုပြောဆိုထားသော်လည်း ယခုအချိန်အထိ အစိုးရစစ်တပ်မှ ၁၀၅၊ ၁၂၀ မမစသည့်လက်နက် ကြီးဖြင့် ဆက်လက်ပစ်ခတ်လျက်ရှိကြောင်းသိရသည်။ ဆွေးနွေပွဲကာလမှာ မတ်လ ၂၂ရက်နေ့တွင်နောက်ဆုံးနေ့ဖြစ်သော်လည်း ယခုလိုတိုက်ပွဲများ ဖြစ်ပွားသည့် အတွက် ကြောင့် မတ်လ ၃၀ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ကြောင်းသတင်းရရှိသည်။

No comments: