Saturday, July 30, 2016

ထိုင်းနိုင်ငံရှိ ပန်းရောင်ကတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်း လုပ်သားများ သြဂုတ်လ ၁ရက်နေ့မှ စ၍ ဗီဇာလျှောက်ထားနိုင်


ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများသည် လာမည့် သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ ပန်းရောင်ကတ်ကိုင်ဆောင်ထားသော မြန်မာလုပ်သားများ ဗီဇာလျှောက်နိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများထံမှ သိရသည်။

ဗီဇာလျှောက်ထားရာတွင် မြန်မာနိုင်ငံမှပြုလုပ်လာသော သာမန်နိုင်ငံကူးလက်မှတ်အသစ်နှင့် ဘန်ကောက်သံရုံးမှပြုလုပ်ပေးသော သာမန်နိုင်ငံကူးလက်မှတ်အသစ် နောင်တွင်ပြုလုပ်ပေးမည်
C of I စာအုပ်များနှင်လျှောက်ထားနိုင်ပြီး ရရှိမည့် ဗီဇာသက်တမ်းမှာ ပန်းရောင်းကတ်သက်တမ်းအတိုင်းဖြစ်ကြောင်း သိရသည်။

ပန်းရောင်ကဒ်ကိုင်ဆောင်သူများအတွက် သာမန်နိုင်ငံကူးလက်မှတ်ထုတ်ယူထားပြီးဖြစ်ပါက ထိုင်းပြည်ထဲရေး ၀န်ကြီးဌာန၏ကြေညာချက်အတိုင်း ပန်းရောင်ကဒ်မှဗီဇာကို သာမန်နိုင်ငံကူးလက်မှတ်ပေါ်သို့ ပြောင်းပေးရန် ကိစ္စအတွက်ကိုလည်း ထိုင်းအလုပ်သမားရေးရာကော်မတီသို့ ဆက်လက်တင်ပြပြီး သက်ဆိုင်ရာ လ၀က ဌာနသို့ ပူးပေါင်းဆောင်ရွက်မှုပေးရန် အတွက် မြန်မာ ဘက်မှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူများအတွက် မြန်မာဘက်မှ အထောက်အထား ထုတ်ပေးနိုင်ရန် ထိုင်းနိုင်ငံတွင်း စင်တာ(၆)ခုဖွင့်ရန် ကန့်ကွက်ရန် မရှိသော်လည်း မြန်မာဘက်မှ တရားဝင်စာပို့ပေးရန်နှင့် ထိုင်းအလုပ်သမားရေးရာကော်မတီနဲ့ သက်ဆိုင်ရာကို ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးမှ တာဝန်ရှိသူ ဦးအောင်စိုး၏ လူမှုကွန်ယက် စာမျက်နှာတွင် ဇူလိုင်လ ၁၃ ရက်နေ့က ရေးသားခဲ့သည်။

စင်တာဖွင့်ရာတွင် ဖူနမ်ရွမ်-ထီးခီးစခန်းမှလွဲ၍ ကျန်နေရာ(၅)ခုဖြစ်သော မယ်ဆိုင်၊ မဲဆောက်၊ ရနောင်း၊ ကက်ခ်ျနာပူရီ၊ မဟာချိုင်နှင့် ဆွမ်မွတ်ပရာဂန်တို့တွင် စင်တာဖွင့်မည်ဆိုပါက ဖွင့်နိုင်ကြောင်း သဘောတူခဲ့ကြောင်း သိရသည်။

ဝသန်
The Ladies News

No comments: