Saturday, July 30, 2016

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ရှစ်မြို့နယ်ကို လုံခြုံရေးတိုးမြှင့်မည် ------- -------- --------


ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ မှုခင်းလျော့နည်းကျဆင်းရေးအတွက် မြို့နယ် ရှစ်မြို့နယ်ကို လုံခြုံရေးတိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။

စီမံချက်ထပ်မံတိုးမြှင့်ဆောင်ရွက်မည့်မြို့နယ်များမှာ သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊
စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

" ရက် ၁၀၀ စီမံချက်မှာ မှုခင်းကင်းစင်ရေးအတွက် ကနဦးမှုခင်းအဖြစ် အများဆုံး လေးမြို့နယ်ကို လုံခြုံရေးတိုးမြှင့်ခဲ့ပြီး ဒီ  လေးမြို့နယ်မှာ ကြုံတွေ့ခဲ့ရတာတွေကို သုံးသပ်ပြီး နောက်ထပ် ရှစ်မြို့နယ်မှာ ထပ်ဆောင်ရွက်မှာဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးလှဝေက ပြောကြားသည်။

ရပ်ရွာအခြေပြု Community Based Policing အရ Pilot Project ရှေ့ပြေးစီမံချက်ကို ကနဦး လေးမြို့နယ်၌ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက် အားသာချက်များကို သုံးသပ်ပြီး ရှစ်မြို့နယ်ကို လုံခြုံရေး တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရှေ့ပြေး လေးမြို့နယ်ဖြစ်သည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ကမာရွတ်မြို့နယ်၊ သန်လျင်မြို့နယ်၊ လှိုင်သာယာမြို့နယ်တို့၌ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးအတွက် ရပ်ရွာအခြေပြုအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဝသန်
The Ladies News


No comments: