Friday, July 29, 2016

ငြိမ်းချမ်းပါစေ မြန်မာပြည်။

(စဉ်းစားဖွယ်ရာများ)

စစ်တက္ကသိုလ်ကနေ ကျောင်းဆင်းပြီး မိခင်တပ်ရင်းကို ခရီးဆက်ရမယ် ဆိုတော့
အမှတ်တရ သီဆိုခဲ့ကြတဲ့သီချင်း
နောက်တစ်ကြိမ်ပြန်ဆိုရမယ်ထင်တယ်။

လူ့ဘ၀တွက် ရုန်းကန်ရင်ဆိုင်ဖို့ ၊ ခရီးထွက်မယ့်လောက အိုလူသား
လွမ်းရေးထက် ၀မ်းရေးခက်တယ်ပြောလို့ အားတင်းကာ ကျောခိုင်းထွက်လာစဉ်
သတိတရနဲ့အမှတ်ရနေလေတော့----

ကြိုးမဲ့ချည်တိုင်၊ ခင်မောင်တိုး
(Ye htut)

လူမျိုးစုအခြေခံ
စဉ်းစားနေသ၍
ဖက်ဒရယ်ပြသနာ
မပြေလည်ပါ။

လူ ချင်းအတူတူ
ကံကြမ္မာ တူ
ကောင်းတူဆိုးဖက်
နိုင်ငံသားများအားလုံး ဖြစ်ကြသည်
ဆိုတဲ့ ခံယူချက်နဲ့
တရားမျှတခြင်း
ညီညွတ်ခြင်း
လွတ်လပ်ခြင်း ဆိုတဲ့ အချက်သုံးချက်
အပြည့်အ၀ အာမခံရှိကြောင်း
ယုံကြည်လောက်တဲ့
အခြေခံကောင်းများ ဖန်တီးနိုင်ရင်
ပြည်နယ်တွေကို
ဘယ်လိုနာမည် ပေးပေး
ဘယ်လို နယ်နိမိတ် ပိုင်းပိုင်း
နိုင်ငံသားတိုင်း( မြန်မာတိုင်း)
ဘယ်ပြည်နယ်မှာပဲ အခြေချနေထိုင်သည်ဖြစ်စေ
အေးချမ်းပျော်ရွှင်စွာ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
နေထိုင်ရှင်သန်ခွင့် ရှိမှာမို့
ဖြစ်နိုင်တဲ့ လက်တွေ့ကျတဲ့
ရေရှည် တည်တံ့ ငြိမ်းချမ်းတဲ့
ပြည်ထောင်စု ဖြစ်လာနိုင်ပါလိမ့်မယ်။

ဖက်ဒရယ်ကိစ္စပြောရင်
ကမ္ဘာကြီးကို ပြန်ကြည့်ဖို့ လိုအပ်ပါတယ်။
အောင်မြင်တဲ့ ဖက်ဒရယ်
မအောင်မြင်တဲ့ ဖက်ဒရယ် များကို
သုံးသပ်လေ့လာသင့်ပါတယ်။

တစ်ခါ
ခေတ်မီတဲ့ တွေးခေါ်မြော်မြင်မှု
မဖြစ်မနေ လိုပါတယ်။
ဗမာတိုင်းရင်းသားလည်း တိုင်းရင်းသားဖြစ်တယ်။
ဆယ်စုနှစ်များစွာ နိမ့်ပါးနေရခြင်းဟာ
နိုင်ငံရေးစနစ်နဲ့ နိုင်ငံရေးယဉ်ကျေးမှုကြောင့်ဖြစ်ပြီး
လူမျိုးစု တစ်ခုကြောင့်မဟုတ်ဘူး။
နှစ်ခု သုံးခုကြောင့်လည်းမဟုတ်ဘူး။
အားလုံးအတူတူ ဒုက္ခရောက်ခဲ့ကြရတာ ဆိုတာကို
နားလည်ဖို့ လက်ခံဖို့ ပထမတစ်ဆင့် လိုပါတယ်။

ဒီအချက်အလက်များကို ပြောရင်
လတ်တလောရေခံမြေခံအရ
တချို့အတွက်
နားခါးစရာတွေချည်းဖြစ်နေနိုင်ပါတယ်။
သို့သော် အမှန်တရားများ ဖြစ်ပါတယ်။
ဖက်ဒရယ် ဆိုတာ
လွတ်လပ်ခြင်း
ညီမျှခြင်း
ညီညွတ်ခြင်း ဆိုတဲ့ အချက် သုံးချက်က
အခြေခံအကျဆုံး အနှစ်သာရ ဖြစ်ပါတယ်။
အခြား စရိုက် လက္ခဏာများ ရှိပေမယ့်
ဒေသအလိုက် နိုင်ငံအလိုက် ကွဲပြားပါတယ်။
တရားသေ အတွေးအခေါ်များကိုင်စွဲပြီး
အောင်မြင်တဲ့ ဖက်ဒရယ်
တည်ဆောက်ရန် မဖြစ်နိုင်ပါ။
လက်တွေ့ကျ ဖြစ်နိုင်ချေရှိသော နည်းနာများကို
တညီတညွတ်လက်ခံသောနေ့တွင်
ငြိမ်းချမ်းသာယာသောနေ့
အမှန်တစ်ကယ် ရရှိ ရောက်ရှိပါလိမ့်မယ်။

ငြိမ်းချမ်းပါစေ
မြန်မာပြည်။
(Pite tin)

No comments: