Friday, July 29, 2016

မြစ်ကြီးနားတွင် ထော်လာဂျီပေါ်ပါ ကျောက်စိမ်းအရိုင်းတုံး ၆၀၀ ဖမ်းမိ

 ကျောက်စိမ်းအရိုင်းတုံး ၆၀၀ သယ်ဆောင်လာသော ကားတစ်စီးကို မြစ်ကြီးနားမြို့တွင် ဇူလိုင် ၂၇ ရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မြစ်ကြီးနားမြို့ နိမ့်ပေါင် ကျေးရွာအနီး ရှောင်ကွင်းလမ်းမှ မောင်းနှင်လာသော ထော်လာဂျီ ကားတစ်စီးကို ရဲတပ်ဖွဲ့က ဖမ်း ဆီးစစ်ဆေးခဲ့ပြီး အလေးချိန် ၁,၄၈၉ ပိဿာရှိ အရွယ်စုံ ကျောက်စိမ်းအရိုင်းတုံး ၆၀၀ သိမ်းဆည်းရမိခဲ့ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းဦးက ပြောသည်။
‘‘ရဲတပ်ဖွဲ့ အတူပူးပေါင်းအ ဖွဲ့က ကားကိုတားစစ်ဆေးတာ။ ကားဘော်ဒီမှာ သေသေချာချာ ကို အံဝှက်လုပ်ပြီး သယ်လာတာ။ လောလောဆယ် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို နယ်မြေခံ ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်’’ဟု ရဲမှူးကြီးထွန်းဦးက ပြောသည်။
ကျောက်စိမ်းအရိုင်းတုံးများ ကို မြစ်ကြီးနားမြို့နယ်ရဲစခန်းတွင် လတ်တလော သိမ်းဆည်းထား ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက လည်း ကချင်ပြည်နယ် မို့မောက် မြို့အနီးတွင် ကျောက်စိမ်းအရိုင်း တုံး ၄၀၀ ကျော် သယ်ဆောင်လာသော ကားတစ်စီးကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဌာနပေါင်းစုံပါဝင် သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ သည်။

No comments: