Friday, July 29, 2016

FMI ကုမ္ပဏီက မီးရထားရုံးချုပ်ဟောင်း နေရာတွင် ဟိုတယ်နှင့် အဆင့်မြင့် အဆောက်အအုံစီမံကိန်းများ ဖော်ဆောင်မည်

ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ မီးရထားရုံးချုပ်ဟောင်း အပါအ၀င် အနီးရှိမြေနေရာများတွင် အဆင့်မြင့်အဆောက်အအုံများ တည်ဆောက် ရန် FMI ကုမ္ပဏီက အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါမြေနေရာများတွင် တည်ဆောက်မည့် စီမံကိန်းအ တွက် မြန်မာ့မီးရထားမှ တစ်ဆင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနနှင့် FMI ကုမ္ပဏီတို့ သည် ဇူလိုင် ၂၃ ရက်က မြေငှား စာချုပ်ချုပ်ဆိုခဲ့သည်။
 Landmark Development စီမံကိန်းတွင် မီးရထားရုံးချုပ် ဟောင်းကို ပင်နီဆူလာရန်ကုန် ဟိုတယ်အဖြစ် မူလအတိုင်း ရှေးဟောင်း အဆောက်အအုံဖြစ် အောင် ပြုပြင်မွမ်းမံမည်ဖြစ်ပြီး ကျန်မြေနေရာများ၌ ရုံးခန်းအဆောက်အအုံ တာဝါနှစ်လုံးနှင့် လူနေအဆင့်မြင့်တိုက်ခန်းများ ထည့်သွင်းတည်ဆောက်ရောင်းချမည်ဖြစ်သည်။
စီမံကိန်းအတွက် သက် ဆိုင်ရာ အစိုးရနှင့် စာချုပ်ချုပ်ဆို ပြီးဖြစ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ ခွင့်ပြုချက်ရရှိရန် ဆောင်ရွက်မည်ဟု ဆိုသည်။
Landmark Development စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်မတိုင် မီ အပြီးသတ်နိုင်ရန် ရည်ရွယ်ပြီး FMI နှင့် အစိုးရတို့ချုပ်ဆိုသော အငှားစာချုပ်တွင် နှစ် ၅၀ စာချုပ်ချုပ်ဆိုထားကာ သက်တမ်းတိုး ကာလ နှစ် ၅၀ စီချုပ်ဆိုထား ကြောင်း သတင်းရရှိသည်။

No comments: