Friday, July 29, 2016

1 MB လျှင် တစ်ကျပ်နှုန်းသာ ကျသင့်မည့်အစီအစဉ်ကို MPT မိတ်ဆက်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် Facebook, LINE, Viber, COC နှင့် Clash Royale အသုံးပြုသူများအတွက် 1MB လျှင် တစ်ကျပ်နှုန်းသာကျသင့်မည့် အစီအစဉ်တစ်ခုကို ဇူလိုင် ၂၈ ရက် (ယနေ့) စတင် မိတ်ဆက်လိုက်သည်။

၁ ရက်အကြာ Package ၊ ၁ ပတ်အကြာ Package နှင့် ၁ လ အကြာ Package ဟူ၍ သုံးမျိုး ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်ပြီး ၁ ရက်အတွက် ၁၉၉ ကျပ်၊ ၁ ပတ်အတွက် ၉၉၉ ကျပ်နှင့် ၁ လ အတွက် ၃,၉၉၉ ကျပ် ကျသင့်မည်ဟု သိရသည်။

ကန့်သတ်ချက်အရ Facebook, LINE, Viber, COC နှင့် Clash Royale အသုံးပြုသည့် အချိန်များ၌သာ Package အဖြစ် ၀ယ်ယူထားသည့် Data များမှ ဖြတ်တောက်မည်ဖြစ်သော်လည်း အခြားသော အင်တာနက်အသုံးပြုမှုများ ၊ Package ရှိ Data ကုန်ဆုံးသွားချိန်များတွင် ပုံမှန်အတိုင်း ငွေကြေးကောက်ခံခြင်းကို ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်သည်။

၁ ရက်စာအစီအစဉ်တွင် 200 MB ၊ ၁ ပတ်စာအစီအစဉ် တွင် 1,000 MB နှင့် ၁ လစာ အစီအစဉ်တွင် 4,000 MB ကို ရရှိမည်ဖြစ်ပြီး Facebook, LINE, Viber, COC နှင့် Clash Royale မှအပ အခြားသောအင်တာနက်ဝန်ဆောင်မှုကို အသုံးပြုပါက ပုံမှန်အင်တာနက်အသုံးပြုခကို ကောက်ခံသွားမည်ဖြစ်သည်။

No comments: