တရားကို တေးဆို အဖေကို သားဆဲ၊ ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်ရဲတော့ သောတာပန် ၊ မကောင်းကြံက သမာဓိ ၊ ရွှေရှိမှ လူလိမ္မာ ၊
လိမ်နိုင်မှ သစ္စာရှင်၊ ရိုးသားသူကို အရူးလို့ထင် ၊ အင်္ကျီပါးနဲ့ ဥပုသ်သည်၊
ဇရပ်အလည် ကိုးယိုး ကားယား ၊ လူဆင်းရဲက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ ၊ ရွှေရှိဘုရားမှ ရှိခိုးချင် ၊ အပျိုငယ်က လင်နေစော၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ ၊ လင်ရှိမယားက အပျိုလုပ် ၊
ဆယ်နှစ်သမီးက အိမ်ထောင်ချင် ၊ ဖိုးသူတော်က ဗိုလ်စတောက်ချ ၊
အပျိုပေါက်စ နှစ်လင်ယူ ၊ လူရင်းနှီးတော့ အတိုးချ ၊ ခိုးဓားပြက လူလို့အော်၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင် ၊ မယ်သီလက အနုဆေးဖော်၊
မရှောင်တမ်းတိုးတာ တစ်ခုလပ် ၊ အမှန်ပြောတော့ အမုန်းပွား၊
ဥပုသ်စောင့်ရင်း အတင်းပြော ၊ ခေတ်ကြီးကိုတော့ အပြစ်ဆို ၊
ကိုယ့်ကိုတော့ဖြင့် အကောင်းထင် ၊ အလှူပေးရင်း ထမင်းရောင်း ၊
မသာပို့ရင်း အပျိုလှည့် ၊ သူတော်ကောင်းတို့ တရားပျက်ကြပြီ။
ဗန်မော် ဆ၇ာတော်
No comments:
Post a Comment