Friday, July 29, 2016

#မိမိကားအားကရိန်းဆွဲသွားပြီးပါကဆက်လက်လုပ်ဆောင်ရမည့်အစီအစဉ်များ

၁၊ ကားထားရာနေရာပတ်ဝန်းကျင်မှ
လူများ၏ပြောကြားချက်အရဆွဲသွားပြီသေချာပါ
က Taxi ဌား၍ အလုံ ရှင်စောပုကား
ဝင်း(ရှင်စောပုလမ်း)သို့သွားပါ။
၂၊ ဂိတ်ဝင်ပေါက် တွင်စုံစမ်းပြီး ကရိန်းကားဒဏ်ကြေးဆောင်ရမည့်နေရာသို့သွားပြီး ဝန်ဆောင်ခငွေ
၅၀၀၀၀ကျပ်ဆောင်ရပါသည်၊ ပြေစာရပြီးပါက မိမိလိုင်စင်အားပေးထားခဲ့
ရပါသည်၊
၃၊ မိမိကားထုတိရန် ၂၀၀ကျပ်ထပိ
ပေးပါက စလစ်ထုတ်ပေးပြီး ထိုစ
လစ်ဖြင့်မိမိကားအားထုတ်ယူရပါ
သည်။
၎၊နောက်တနေ့တွင် မိမိကားအား
ကရိန်းဆွဲသွားသညိ့မြို့နယ်(ဥပမာ
စမ်းချောင်ြးမို့နယ်) စည်ပင်ရုံးသို့်
သွား၍ စည်ပင်တရားရုံးတွငိ ဒဏ်
ကြေးငွေ ၂၅၀၀၀ ကျပ်ပေးပါက
ပြေစာဖြတ်ပိုင်းပေးပါသည်၊
၅၊ထိုပြေစာဖြတ်ပိုင်းဖြင့် ရှင်စော
ပု ကားဝင်းသို့်သွား၍ မိမိလိုင်စင်အား
ပြန်ရွေးရပါသည်၊
အကြံပြုချက်..ကရိန်းအဖွဲ့သည်ကားအားချက်ချင်းမဆွဲဘဲပိုင်ရှင်အား
၂၀မိနစ်ခန့်စောင့်ပါသည်၊ မိမိကား
တွင်ဖုန်းနံပါတ် ထားခဲ့ပါက ဖုန်းဆက်ခေါ်သဖြင့် ကရနိးမဆွဲတော့သဖြင့်
စည်ပင်ဒဏ်ကြေး ၂၅၀၀၀ သာဆောင်
ရမည်ဖြစ်သဖြင့် ကားရပ်သည့်အခါ
ဖုန်းနံပါတ်များထားခဲ့စေလိုပါသည်။

၇ရက်သား သမီးများ ကရိန်းကားအန္တ
ရယ်မှကင်းဝေးကြပါစေ😢😢😢😢

Credit.. ဦးကျော်အေးလွင်@ Kyaw Aye Lwin

No comments: