Saturday, July 30, 2016

တိုင်းရင်းသားလူငယ်များညီလာခံတွင် ဗမာတိုင်းရင်းသားလူငယ်ကိုယ်စားလှယ်အဖွဲ့ ကန့်ကွက်စာတင်

ပင်လုံမြို့တွင် ကျင်း ပနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များညီလာ ခံ ပထမရက်၌ ဗမာတိုင်းရင်းသား မုန်းတီးရေးဝါဒများ ပြောကြားခဲ့ သည့်အတွက် ဗမာတိုင်းရင်းသား လူငယ်ကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်စာတင်ခဲ့ကြောင်း သ တင်းရရှိသည်။
လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ ကျောက်တိုင်ကွင်းတွင် ဇူလိုင် ၂၇ ရက်က ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ် များညီလာခံပထမရက်၌ ဦးမင်း ဇင်က State Building ခေါင်း စဉ်ဖြင့် ဟောပြောရာ ဗမာတိုင်း ရင်းသားမုန်းတီးရေး ဝါဒချည်း သာ ပြောဆိုခဲ့၍ ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်ဟု ညီလာခံသို့ တက် ရောက်နေသည့် ဗမာတိုင်းရင်း သားလူငယ်ကိုယ်စားလှယ်အဖွဲ့ မှ ကိုဇော်သူရိန်ထွန်းက ပြော သည်။
‘‘အရင်စစ်အာဏာရှင်တွေ ရဲ့လုပ်ရပ်တွေကို ဗမာတိုင်းရင်း သားတွေ လုပ်ခဲ့တဲ့ ပုံစံနဲ့ချည်း ပြောဆိုသွားတယ်။ သူပြောလိုက် ရင် ဗမာမဟုတ်တဲ့ တခြားတိုင်း ရင်းသားလူငယ်တွေကပါ အောက်ကနေ လက်ခုပ်တီးကြ တယ်။ လူကြီးတွေတင် မကဘူး။ လူငယ်တွေဆီမှာပါ မမှန်တဲ့ အ မုန်းတရားတွေ ဖြန့်ဝေမယ့်ပုံစံ မျိုးဖြစ်နေလို့ ကျွန်တော်တို့က ကန့်ကွက်စာတင်ခဲ့တာ ဖြစ်ပါ တယ်။ ဒီကိုလာတယ် ဆိုတာ လည်း တိုင်းရင်းသားလူငယ်အ ချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိဖို့ လာခဲ့တာဖြစ်ပါတယ်’’ဟု ကိုဇော် သူရိန်ထွန်းက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဟောပြောသည့် မြန်မာ့အရေး ကျွမ်းကျင်သူ ကိုမင်းဇင်က ‘‘အဓိ ကက နှစ်ပိုင်းပြောခဲ့တာပါ။ နိုင်ငံ တော်တည်ဆောက်ရေးနဲ့ ပြည် ထောင်စုတည်ဆောက်ရေး ဘာ ကြောင့် မအောင်မြင်လဲ။ နောက် တစ်ပိုင်းက ၂၁ ရာစုပင်လုံညီလာ ခံမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေ လဲဆိုတာပါ။ ကျွန်တော် စစ်အာ ဏာရှင်တွေ ကျူးလွန်ခဲ့တာကို ဗမာကျူးလွန်တယ်တို့ တစ်ခါမှ မပြောခဲ့ပါဘူး။ ဒီနိုင်ငံသစ်တစ်ခု၊ ပြည်ထောင်စုသစ်တစ်ခု မတည် ဆောက်နိုင်တဲ့ ရေသောက်မြစ်က စစ်အာဏာရှင်ပဲဆိုတဲ့ အကဲဖြတ် မှုက မပြည့်စုံဘူး။ ဒီထက် နက်ရှိုင်းတယ်။ ၁၉၆၂ မှာ ပဋိညာဉ် (ပင်လုံ စာချုပ်)ပေါ် အခြေခံတဲ့ ပြည် ထောင်စုစနစ်ကို ဗမာအများစု ကြီးစိုးတဲ့ တပ်မတော်နဲ့ အစိုးရက လက်မခံလို့ လက်နက်ကိုင်အင် အားစုတွေက လုပ်ခဲ့တာ။ ကျွန် တော် အဲဒီသဘောမျိုးကို ပြော တာပါ။ အခု ဒီလူငယ်တွေကို လည်း အပြစ်မတင်ပါဘူး။ နား လည်မှုလွဲတာ မဖြစ်စေချင်တာ ပါ’’ဟု ပြောသည်။
အဆိုပါညီလာခံသို့ ဗမာ တိုင်းရင်းသားကိုယ်စားပြု ကိုယ် စားလှယ် ၂၇ ဦးတက်ရောက်နေ ပြီး ယင်းသို့ ဆက်လက် လုပ် ဆောင်မည်ဆိုပါက သုံးကြိမ်အ ထိ မတ်တတ်ရပ်ကန့်ကွက်ခြင်း၊ ခန်းမအတွင်းမှ ထွက်ခွာခြင်းနှင့် ညီလာခံမှ အပြီးနုတ်ထွက်ခြင်းတို့ ပြုလုပ်မည်ဟု ဗမာတိုင်းရင်းသား လူငယ်ကိုယ်စားလှယ်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
‘‘ညီလာခံမှာ လူမျိုးရေး၊ ဘာသာရေးမုန်းတီးရေးကို အခြေခံတဲ့ သိက္ခာချလုပ်ရပ်တွေ မလုပ်ကြဖို့ စည်းမျဉ်းတွေ ချမှတ်ထားပြီးဖြစ် ပါတယ်။ ဗမာတိုင်းရင်းသားလူ ငယ်ကိုယ်စားလှယ်အဖွဲ့ကို လည်း ညီလာခံမပြီးခင် ခေါ်ယူ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ညီလာခံလုပ်တယ် ဆိုတာက လည်း ပြေလည်နေလို့ ညီလာခံ လုပ်တာ မဟုတ်ပါဘူး။ တိုင်းရင်း သားလူမျိုးတွေရဲ့ သူ့အခက်အခဲ၊ ကိုယ့်အခက်အခဲတွေ တင်ပြဖို့ ညီလာခံလုပ်နေတာပါ’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူ ငယ်များညီလာခံကျင်းပရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ခွန်ဦးက ပြောသည်။
‘‘ဆရာဦးမင်းဇင်ပြောသွား တာက ပညာရပ်ပိုင်းစကားတွေ ဖြစ်တယ်။ လူမျိုးရေးမုန်းတီးရေး စကားတွေ မပါပါဘူး။ သူက သမိုင်းအထောက်အထား၊ အကိုး အကားတွေနဲ့ ပြောဆိုသွားတာ ပါ။ ပညာရေးရေချိန်မြင့်တဲ့ လူ ငယ်တိုင်းရင်းသားတွေက ဒါကို နားလည်ပါတယ်။ လူမျိုးရေးမုန်း တီးမှုမဖြစ်ပါဘူး’’ဟု ညီလာခံသို့ တက်ရောက်နေသည့် ဓနုတိုင်း ရင်းသား ကိုအိဣက ပြောသည်။
ထို့ပြင် ပအိုဝ်းတိုင်းရင်းသား လူငယ် ခွန်ဇော်ကလည်း ဦးမင်း ဇင်၏ဟောပြောချက်သည် ယခင်အစိုးရလက်ထက်အုပ်ချုပ်သူများ အပေါ် ၎င်းသုတေသနပြုလုပ် ထားသည့် အချက်များကို ပြောကြားခြင်းဖြစ်ပြီး လူမျိုးရေးမုန်းတီး ရန် ဝါဒဖြန့်ခြင်းဟု မမြင်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားလူငယ်အဖွဲ့အ စည်းများမှ ကိုယ်စားလှယ် ၆၀၀ သည် ယင်းညီလာခံသို့ တက် ရောက်နေပြီး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်အရေးကို အဓိကထား ဆွေးနွေးမည်ဖြစ်ကာ ဇူလိုင် ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ယင်းညီလာခံအား မြန်မာ နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားလူ ငယ်အဖွဲ့များ ပူးပေါင်းလုပ် ဆောင်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပွဲကျင်းပခွင့်မပြုခဲ့ သော်လည်း ဆက်လက်ကျင်းပ လျက်ရှိသည်။

No comments: