Saturday, July 30, 2016

❖သေဆုံးသွားသော ညီမလေး၏ နောက်ဆုံးရသတင်း

❖သေဆုံးသွားသော ညီမလေး၏ နောက်ဆုံးရသတင်း (၃၀.၀၇.၂၀၁၆)❖
သေဆုံးသွားသော ညီမလေးဟာ ရဲဌာန၏စစ်ဆေးတွေ့ရှိချက်အရ ခန္ဓာကိုယ်မှာ ဒဏ်ရာများစွာ တွေ့ရှိရပြီး အသတ်ခံရကြောင်း အတည်ပြုခဲ့ပါတယ်။ လူသတ်တရားခံ အလုပ်ရှင် အမျိုးသမီး သားအမိ နှစ်ယောက်ကိုတော့ သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်း ချမှတ်ဖို့ရှိနေတယ်လို့ သိရပြီး ၀၄.၀၈.၂၀၁၆ ရက်နေ့တွင် ပြန်လည်စစ်ဆေးမည်လို့ သိရပါတယ်။ သူ့မရဲ့ရုပ်အလောင်းကို ကျန်ရစ်သူမိသားစုရဲ့ဆန္ဒအတိုင်း မြန်မာပြည်ပြန်သယ်နိုင်ရန်အတွက် သူ့မ၏အစ်ကိုအရင်း ကိုယ်တိုင် စင်္ကာပူလာမှ အလောင်းထုတ်လို့ရမည်လို့ သိရပါတယ်။ ရသင့်ရထိုက်သော နစ်နာကြေးအားလုံးကိုလည်း မြန်မာသံရုံးမှတဆင့် သူမ၏အစ်ကိုအရင်းလက်ထဲသို့ ထည့်ပေးမည် ဖြစ်ကြောင်းသိရပါတယ်။ အမှုအားလုံးကို မြန်မာသံရုံးနှင့် Zomi Innkuan Singapore( ZIS) ကနေ အစစအရာရာ ကူညီဆောင်ရွက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အားလုံး မင်္ဂလာနံနက်ခင်းမှာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများနဲ့ ပြည့်စုံနိုင်ကြပါစေ။
သေဆုံးသူညီမလေး၏ ဆက်စပ်သတင်းများ -
https://www.facebook.com/SaloneCollection/photos/1754525338169674/
https://www.facebook.com/SaloneCollection/photos/1754071374881737
သတင်းပေးပို့သူ - ကိုဆွောင့်ခန့်ခိုင်
စလုံး Page
(စင်္ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection

No comments: