Friday, July 29, 2016

သွေးခွဲစကားမဟုတ်ပါ..လက်တွေ့ဖြစ်နေတာတွေပါ =================================


လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေ စုပြီး
ဘယ်လိုတွေ့တွေ့နောက်ဆုံးရလာဒ်ကတော့သူတို့ကို
အာဏာခွဲပေးရေး၊လုပ်ပိုင်ခွင့်ရရှိရေး

သူတို့လက်ရှိချူပ်ကိုင်ထားရရှိထားတဲ့နယ်မြေအကျယ်
အဝန်းထက်ပိုမိုရရှိပိုင်ဆိုင်ရေး၊စစ်အင်အားတောင့်တင်း
ခိုင်မာရေး

ဗမာလူမျိုးကြီးဝါဒဆိုတဲ့အပြောနဲ့တိုင်းရင်းသားအားလုံး
နဲ့ဗမာလူမျိုးသွေးခွဲစကားဒါတွေပဲပြောမှာပဲ

ကိုယ့်ပြည်နယ်ဖွံဖြိုးတိုးတက်ဖို့ ပြည်ထောင်စုအစိုးရ ကို
ဘာတွေတောင်းရမယ်ဆိုတာဆွေးနွေးကြမယ်မထင်

ဗမာပြည်ကဘယ်တပ်မတော်စစ်ကျောင်းဘယ်တက္ကသိုလ်
မှသင်ရိုးမှာတိုင်းရင်းသားတွေကိုသွေးခွဲဖို့မုန်းတီးရက်စက်ဖို့
ကြီးနိုင်ငယ်ညှင်းလုပ်ကြဖို့်မသင်ဘူး

တိုင်းရင်းသားတွေကိုချစ်ကြည်ရင်းနှီးစွာဆက်ဆံပါသူတို့
အယူဝါဒယဉ်ကျေးမှု ဓလေ့ထုံးစံများလေးစားလိုက်နာပါ
လို့ပဲသင်ကြားပေးတာ

တိုင်းရင်းသားတွေကို မုန်းတီးဖို့ ဘယ်မြန်မာကျောင်းကမှ
မသင်ဘူး

တကယ်တော့လူမျိုးကြီးဝါဒကျင့်သုံးနေတာမြန်မာမဟုတ်
ဘူး ၊သူတို့ပဲလက်နက်ကိုင်ခေါင်းဆောင်တွေပဲ

ငြိမ်းချမ်းရေးရရင်စားခွက်ပျောက်မှာစိုးလို့အပျောက်မခံနိုင်
ဖြစ်နေတာ...

တိုင်းရင်းသားနယ်မြေတွေမှာကြည့် ကျန်းမာရေးဝန်ထမ်း
ပညာရေးဝန်ထမ်း၊ပြည်သူ့ရဲဘယ်ဌာနဆိုင်ရာကြည့်ကြည့်
တိုင်းရင်းသားကအနည်းစု၊အလုပ်မခန့်တာမဟုတ်ဝင်ပြီး
ကိုမလုပ်ကြတာ....စာသင်ဆေးကု လုပ်ပေးနေရတာက
ဗမာတွေ

ပညာတတ်ရင်နိုင်ငံခြားထွက်ဖို့လောက်လုပ်နေကြတာ
ကသူတို့တွေ၊တိုင်းရင်းသားနာမည်တပ်မပြောချင်လို့်

ပြီးရင် တနှစ် တခါပြန်လာ ၊ ငါတို့ဒေသမတိုးတက်ဘူး
ခေတ်နောက်ကျနေတယ်၊သူများတိုင်းပြည်ဆိုဘယ်လို

ဗမာတွေကပဲ မတိုးတက်အောင် တမင် လုပ်ထားသလို
ပြောပြောပြီးပြန်သွားတာ

ကိုယ့်ဒေသကိုယ့်ပြည်နယ်တိုးတက်ဖို့ခေါင်းထဲလဲမရှိဘူး
အပင်ပန်းခံလဲမလုပ်ဘူး၊အနစ်နာလဲမခံဘူး

ဗမာတွေပေါ်ပဲအပြစ်ပြောချင်တာများများဖြစ်နေကြတယ်

နှစ်၆၀ကျော်တော်လှန်ရေးကာလမှာ၊သူတို့ဆောက်ပေးတဲ့
ဆေးရုံလမ်းကျောင်း စာသင်ခန်း တက္ကသိုလ်သာသနာရေး
အဆောက်အဦ၊ ဘုရားတံတားဘယ်နှစ်ခုရှိလဲမေး

ရှိကိုမရှိတဲ့အပြင် အစိုးရ လုပ်ပေးထားတဲ့စာသင်ကျောင်း
တံတားဆေးရုံတောင် မီးရှို့ ဖျက်နေမှတော့ ကိုယ့်ဒေသ
မတိုးတက်တာလဲအပြစ်မပြောနဲ့၊

တကယ်တောင်းရမှာကဖယ်ဒရယ်ခွဲထွက်ခွင့်မဟုတ်ဘူး

ဆေးရုံဆေးပေးခန်း စာသင်ကျောင်း၊ ဆရာဝန်၊ကျောင်း
ဆရာ၊ဆရာမ၊လမ်းတံတားတွေ၊စက်မှုဇုန်တွေစီးပွားရေး
ဇုန်တွေ၊အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လောက်
တည်ဆောက်ပေးပါ ၊ရှာဖွေပေးပါ ဆိုပြီးကိုယ့်ပြည်နယ်
ကိုယ့်ဒေသ ဖွံဖြိုးမယ့်ဟာတွေပြည်ထောင်စု အစိုးရ ကို
အချက်နဲ့ အလက်နဲ့ပြောပြီး လုပ်ခိုင်းရမှာ၊မလုပ်ပေးရင်
တော့ချ၊အစိုးရကိုတော်လှန်

လက်နက်ကိုင်ကျည်ထိုးမောင်းတင်လူစုပြီးလူမျိုးစု(၇)စု
ကတစ်ဖက် ၊ဗမာက တစ်ဖက်ဆိုတဲ့ ပုံစံနဲ့ငြိမ်းချမ်းရေး
စားပွဲဝိုင်းလာပြီးငြိမ်းချမ်းရေးပေးပါဆိုလို့ကတော့ဘယ်
အစိုးရမှမပေးဘူး၊ပေးလဲယူဂိုဆလပ်ထက်ဆိုးဘို့ပဲရှိမယ်

နိုင်ငံရေးသမားတွေကြောင့်မြန်မာအစိုးရကိုအင်းစိန်အစိုးရ
ဖြစ်တဲ့အထိအခေါ်ခံထားရတာ ၊တပ်မတော်ခေါင်းဆောင်
အဆက်ဆက်အကြီးမားဆုံးသင်ခန်းစာပဲ

ဒုတိယအင်းစိန်အစိုးရဘယ်တော့မှအဖြစ်မခံဘူးစိတ်ချ

ကိုယ့်တိုင်းရင်းသားတွေစစ်ဖြစ်ရင်စစ်ရှောင်တာကိုကမြို့
ပေါ်တက်ရှောင်နေတာ၊

လက်နက်ကိုင်ခြင်းအတူတူအစိုးရကိုအားကိုးတယ်ဆိုတာ
အထင်အရှား

ဘာလို့တောထဲမရှောင်လဲ၊ လူသစ်စုမယ် ဆက်ကြေးပေး
ရမယ်မပေးရင် လက်နက်ကိုင် အဖွဲ့ထဲ မဝင်ရင်အသတ်ခံ
ရမယ်၊

ဒါတွေသိလိုလွတ်ရာလွတ်ကြောင်းမြို့ပေါ်ဘုန်းကြီးကျောင်း
စာသင်ကျောင်းကိုပဲပြေး လာကြတာသဘောပေါက်.

စစ်တွေပြန်ဖြစ်ရင်တော့ သမိုင်းတရားခံ က ခင်ဗျားတို့ပဲ၊
ဒီမိုကရေစီအစိုးရလက်ထက်မှာငြိမ်းချမ်းရေးယူအလင်း
ထဲဝင်မြို့ပေါ်တက်

ကိုယ့်ကြိုက်တဲ့ပါတီထောင်မဲပုံးထောင်ရွေးကောက်ပွဲဝင်
ကိုယ့်နယ်မြေမအုပ်ချူပ်နိုင်ရင်ကိုယ်ညံ့လို့ပဲ

လက်နက်စွန့်ရဲတဲ့သတ္တိမရှိပဲနဲ့တော့ထာဝရငြိမ်းချမ်းရေး
ဆိုတာလေထဲကတိုက်အိမ်လိုဖြစ်နေဦးမှာတော့အမှန်...။

မင်းထင်-၃၀

No comments: