Saturday, July 30, 2016

❖အကူအညီတောင်းခံခြင်း❖

❖အကူအညီတောင်းခံခြင်း❖ တစ်လတစ်ခါ အပြင်ထွက်ခွင့်ရသည့် အိမ်အကူမခင်မာဝင်းသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့ တွင် မိသားစုထံသို့ငွေလွှဲရန် City Hall သို့ ထွက်လာခဲ့သည်။ ဆိုင်ခန်းများမဖွင့်သေး၍ မြနန္ဒာတွင် ထမင်းဝင်စားဖြစ်သည်။ ငွေရှင်းအပြီးတွင် ပိုက်ဆံအိတ်ကို ကောင်တာနားတွင် မေ့ထားခဲ့မိသည်။ သတိထားမိသည်နှင့် ကောင်တာသို့ အမြန် ပြန်သွားသော်လည်း ၎င်း၏ပိုက်ဆံအိတ်ကို မတွေ့ရ တော့ပေ။ ဆိုင်တာဝန်ခံများသို့ မေးမြန်းစုံစမ်းသော်လည်း အချည်းနှီးဖြစ်ခဲ့ရသည်။ အဆိုပါ အိတ်ထဲတွင် မခင်မာဝင်း၏ လုပ်ခနှစ်လစာနှင့် ပါမစ်ကတ် ပါသွားသည်။ အိမ်ရှင်သူဌေးမှလည်း ပါမစ်ကတ်အသစ်လုပ်လျှင် ပိုက်ဆံဖြတ်မည်ဟုဆိုလာသဖြင့် မခင်မာဝင်းသည် တစ်ပူပေါ်နှစ်ပူ ဆင့်ဖြစ်ပြီး၊ မအိပ်နိုင်မစားနိုင်ဖြစ်ကာ အသက်ဆက်ရှင်ချင်စိတ် မရှိတော့လောက်အောင် ခံစား နေရရှာသည်။ သူ့ခမျာ အကြွေးကျေတာ မကြာသေးတဲ့အပြင် အိမ်ကိုလည်း ဘယ်လောက်မှ မပို့ရသေးဘူးလို့ ငိုယိုပြီးပြောပြရှာပါသည်။ ပိုက်ဆံအိတ်ပျောက်ကြောင်းကိုတော့ ရဲစခန်းတွင် သတင်းပို့ထားပြီးဖြစ်ပါသည်။ စင်ကာပူသို့ ရောက်ရှိသည်မှာလည်း မကြာသေးသည့်အပြင် ဘာသာစကား အခက်အခဲလည်း ရှိနေပါသဖြင့် မခင်မာဝင်း၏ ပိုက်ဆံအိတ်ကောက်ရထားသူမှ ဒီပို့စ်လေးကိုတွေ့လျှင် ပြန်ပေးခြင်း၊ တခြားသော သူများမှလည်း သူမအတွက် အကြံဉာဏ်ကောင်းများ ပေးခြင်း ဖြင့် ဖေးမကူညီကြပါရန် မခင်မာဝင်း ကိုယ်စား နှိုးဆော်တိုက်တွန်း လိုက်ရပါသည်။
မြနန္ဒာဆိုင်ပိုင်ရှင်၏ ဖြေရှင်းချက်ကို အောက်တွင်ထပ်မံဖြည့်စွက်ပေးလိုက်ပါတယ်။
"အား လုံး ကို အမြင် ရှင်း အောင် ရှင်း ပြ ပေး ပါမယ် ။
--
ကျွန်တော် မြနန္ဒာဆိုင် က တာဝန် ရှိ သူ ပါ။
--
အဲဒီမိန်း ကလေး ပျောက် တာ တနင်္ဂနွေနေ့ မှာ ပါ ။
သူ့ ရဲ့ boss ကိုယ် တိုင် လာ ပြီး CCTV ဖွင့် ခိုင်း တာ ပါ ။
အင်္ဂါနေ့ ညပိုင်းမှ ပါ ။
--
CCTV ၂ မျိုး ရှိ ပါတယ် ။ သူ ကျန် ခဲ့ တဲ့ နေ ရာ မှာ ထား တဲ့ fixed CCTV camera က အဲ ဒီ နေရာ ကို point မလုပ် ထား ပါ ။
ဘယ်လို မှ မတပ် နိုင် တဲ့ အတွက် ဖွင့် စရာ ကို မလို တာပါ ။နား လည် နိုင် ကြပါတယ် ။
---
နောက် CCTV တစ် မျိုးက ရွေ့လို့ ပြောင်း လို့ ရတဲ့ pan/tilt IPCam ကို သူ့ ရဲ့ boss ရှေ့ မှာ ပဲ ဖွင့် ပြပါတယ် ။ အဲဒီ camera က တစ်ရက် ခွဲလောက် ပဲ ပုံတွေ ကို သိမ်း ထား နိုင် ပါတယ် ။ memory နဲ့ သိမ်း ရတာ ပါ။ သူ့ ရှေ့ မှာ ပဲ ပြ လိုက် ပါတယ် ။ ဒါပေသော် လဲ သူ့ ရဲ့ boss က ကျွန်တော့် ကို အထပ် ထပ် အခါခါ သူ ဝမ်းသာ အောင် တစ်ခုခု ပြော ခိုင်း ပါတယ် ။ ကျွန် တော် ဘယ် လို့ မှ သူ့ကို ဝမ်းသာ အောင် မပြော တပ် ပါ ။ ကျွန်တော့် ကို ဘယ် လို သဘော နဲ့ ပြော ခိုင်း တာ လဲ ဆိုတာ ရှင်းပြ လို့ မတပ် ပါ ။ သူ့ ကို လဲ အင် မတန် အားနာ ပါတယ် ။
အခြား customer တွေ လဲ အားလုံး ဝိုင်း တောင် ကြည့် ကြပါတယ် ။
ကျွန်တော် တို့ ဘက် က ဘယ် လို့ မှ မကူ ညီ နိုင်တာ တော့ ခွင့် လွှတ် နား လည် ကြလိမ့် မယ် လို့ ထင် မိပါတယ် ။ မြန်မာ အချင်းချင်း ပဲ ဗျာ။ ကူ ညီချင်တာ ပေါ့ .."
စလုံး Page
(စင်္ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/SaloneCollection

No comments: