Sunday, July 31, 2016

ဒီမိုကရေစီ လမ်းကြောင်း ကို ဦးဆောင်လမ်းပြခဲ့သူ ============================ တရားမျှတသော ရွေးကောက်ပွဲအား ဖန်တီးခဲ့သူ =========================== အဖြစ် ဥက္ကဌ ဦးသိန်းစိန်အား တိုင်းရင်းသားခေါင်းဆောင်များက သတ်မှတ်ခံယူ============================


ယနေ့ ၃၀-၇-၂၀၁၆ ရက်နေ့ နံနက်ပိုင်းက ကြံ့ခိုင်ရေးဌာနချုပ်ရုံးသို့
“၀” အထူးဒေသ-၂ ခေါင်းဆောင် ဦးပေါက်ယူရီ ဦးဆောင်သော အဖွဲ့
မိုင်းလား အထူးဒေသ-၄ မှ ဦးစိုင်းလင်း ဦးဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်များ စုစုပေါင်း အင်အား ၈၀ ဦးခန့်သည် ကြံ့ခိုင်ရေး ပါတီဥက္ကဌ
ဦးသိန်းစိန်၊ ဒုတိယဥက္ကဌ ဦးဌေးဦး၊ ဗဟိုအကြံပေး ဦးသိန်းဇော်၊ ဗဟိုအလုပ်အမှုဆောင် သူရ ဦးမြင့်မောင်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း စသည့် ကြံ့ခိုင်ရေး ပါတီ
ထိပ်ပိုင်းခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံစဉ် အထက်ပါအတိုင်း တိုင်းရင်း သားခေါင်းဆောင်များမှ ပြောကြားခဲ့ပါသည်။
တိုင်းရင်းသားခေါင်းဆောင်များမှ ပြောကြားရာတွင်
ပါတီဥက္ကဌ ဦးသိန်းစိန်သည် အစိုးရတာဝန်ထမ်းဆောင်ချိန်က တိုင်းရင်းသား ဒေသများကို ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးသည် ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ကြောင်း၊ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သွားခြင်း၊ လျှပ်စစ်မီးများ ရရှိလာခြင်းတို့သည် ဦးသိန်းစိန် ဦင်္းဆောင် သော အစိုးရ လက်ထက်တွင် ရရှိခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊
မိုင်းလားဒေသ ဆိုပါက ပြီးခဲ့သော ၃၀-၆-၂၀၁၆ ရက်နေ့တွင်မိုင်းမ ရေအားလျှပ်စစ် စက်ရုံတစ်ခု ကို ဖွင့်လှစ်ခဲ့ကြောင်း ၊ အဆိုပါမိုင်းမ ရေအားလျှပ်စစ်လုပ်ငန်းသည်
ဦးသိန်းစိန် ဦးဆောင်သော အစိုးရ လက်ထက်က ကူညီပံ့ပိုးမှုများဖြစ်ပါကြောင်း၊ယခုလာရောက်သည့် ခရီးစဉ်တွင်လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ထံ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် လာရောက် တင်ပြခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်ဒီမိုကရေစီ လမ်းကြောင်းပေါ်အရောက်တင်နိုင်ပေးခဲ့သည့် ပါတီဥက္ကဌ ဦးသိန်းစိန်သည် ၄င်းတို့ တိုင်းရင်းသား များရဲ့  ခေါင်းဆောင် ဟောင်းဖြစ်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီသည် နိုင်ငံအတွက် အရေးကြီးသော ပါတီကြီး တစ်ခုဖြစ်ပြီး ယခင်က အတိုင်း ၄င်းတို့ တိုင်းရင်းသား ခေါင်းဆောင်များမှ လက်တွဲ ပူးပေါင်း သွားမည် ဖြစ်ပါကြောင်း ၊ ပါတီဥက္ကဌ ကြီး ဦးသိန်းစိန် နှင့် အဖွဲ့ကိုလည်း ၄င်းတို့ တိုင်းရင်းသားနယ်မြေများသို့ လာရောက်ရန်
ဖိတ်ခေါ်ပါကြောင်း ပြောကြားသွားပါသည်။
ပါတီဥက္ကဌ ဦးသိန်းစိန် မှ ပြောကြားရာတွင် ယခင်က အစိုးရ တာဝန်ထမ်းဆောင်ချိန်က တိုင်းရင်းသားနယ်မြေများကို များစွာ အကူအညီပေးခဲ့ပါကြောင်း၊ ယခုတော့ပါတီဥက္ကဌ တစ်ဦးအနေဖြင့်
တိုင်းရင်းသားခေါင်းဆောင်များကို အကြံဥာဏ်များ၊ လိုအပ်သည့် ပံ့ပိုးကူညီများကို တတ်နိုင်သမျှ ဆက်လက် ကူညီသွားမည် ဖြစ်ပါကြောင်း၊
ဒေသတွင်းလိုအပ်ချက်များကို ပါတီအနေဖြင့် တတ်နိုင်သမျှ ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။

No comments: