Showing posts with label မောင်တောအရေး. Show all posts
Showing posts with label မောင်တောအရေး. Show all posts

Sunday, October 16, 2016

မောင်တောဒေသ လုံခြုံရေး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ကွပ်ကဲဆောင်ရွက်

မြန်မာ−ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

စစ်ဆင်ရေးနယ် မြေအဖြစ် သတ်မှတ်ထားသော မောင်တောဒေသတွင် လုံခြုံရေး လုပ်ငန်းများကို ကာကွယ်ရေးဝန် ကြီးဌာန အမှတ်(၃)စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ် ကြီးအောင်ကျော်ဇောက ကွပ်ကဲ ဆောင်ရွက်နေပြီး တပ်မတော် (ရေ)အထူးတပ်ဖွဲ့(Navy SEAL) တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ ရက်က အင်အားတိုးချဲ့ခဲ့ ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၉ ရက်က မောင်တောဒေသတွင် အကာလ် မူလ်မူဂျာဟီဒင်န်အဖွဲ့က အ ကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် မောင်တောနှင့် ဘူးသီးတောင်မြို့ နယ်များကို စစ်ဆင်ရေးနယ်မြေ အဖြစ် သတ်မှတ်ထားကာ တပ်မ တော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်။‘‘လက်ရှိ အခြေအနေမှာဆို ရင် စစ်ဆင်ရေးအထူးအဖွဲ့မှူးက ဘူးသီးတောင်မှာ အခြေပြုပြီးနေ ပါတယ်။ တိုင်းမှူးကြီးနဲ့ ကျွန် တော်က မောင်တောမှာရှိနေပြီး တော့ တပ်မမှူးတို့က ကျီးကန်းပြင်(နယ်ခြားစောင့်ရဲဌာနချုပ်)မှာ ရှိ နေပါတယ်။ ထို့အတူပဲ မြန်မာနိုင် ငံရဲတပ်ဖွဲ့ ဒုရဲချုပ်က ကျီးကန်း ပြင်မှာ အခြေပြုပြီးတော့ လုံခြုံရေးကိစ္စရပ်များကို လက်ရှိ ဆောင် ရွက်နေပါတယ်’’ ဟု ရခိုင်ပြည် နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက အောက်တိုဘာ ၁၅ ရက်တွင် မောင်တောမြို့နယ်၌ ပြုလုပ်ခဲ့ သည့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် မိသားစုဝင်များအတွက် အလှူ ပေးအပ်ပွဲနှင့် နယ်မြေအခြေအနေ ရှင်းလင်းပွဲတွင် ပြောကြားသည်။

 ဗိုလ်မှူးကြီး ထိန်လင်းက ဆက်လက်၍ ‘‘လက်ရှိ အနေအ ထားမှာလည်း ကျွန်တော်တို့တပ် များက နေရာဒေသအသီးသီးကို ရောက်ရှိပြီးတော့ စစ်ဆင်ရေး ကိစ္စရပ်များကို စနစ်တကျဆောင် ရွက်နေတယ်ဆိုတာ တင်ပြလိုပါ တယ်’’ဟု ပြောသည်။

ထို့အပြင် ယမန်နေ့က နေရာနှစ်ခုတွင် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အကြမ်းဖက်သူ လေးဦးကို အရှင်ဖမ်းမိပြီး သုံးဦးကို အသေဖမ်းဆီးနိုင်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် မောင်တောမြို့ နယ် လိပ်အိုင်ကျေးရွာသို့ လုံခြုံ ရေးတပ်ဖွဲ့များက နယ်မြေရှင်း လင်းရေးဆောင်ရွက်စဉ် အကြမ်း ဖက်တိုက်ခိုက်သူ အမျိုးသားတစ် ဦးနှင့် အမျိုးသမီး နှစ်ဦးတို့က ဓားများဖြင့် တိုက်ခိုက်သဖြင့် ပစ် ခတ်ဖမ်းဆီးရာ အကြမ်းဖက်သူ သုံးဦးကို အသေ ဖမ်းဆီးနိုင်ခဲ့ သည်။ အကြမ်းဖက်သူ သုံးဦးက ဓားဖြင့်တိုက်ခိုက်သော်လည်း ရဲ တပ်ဖွဲ့ဝင် သုံးဦးက တိမ်းရှောင် နိုင်ခဲ့သဖြင့် ဒဏ်ရာမရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။

ထို့အပြင် ရီဒါကျေးရွာတစ် ၀ိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ လေးဦးက တိုက်ခိုက်လာသောကြောင့် စစ် ကြောင်းက ၎င်းတို့ လေးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း သ တင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် အကြမ်းဖက်စီး  နင်းမှုများဖြစ်ပွားပြီးနောက် လုံခြုံ ရေး တပ်ဖွဲ့ဝင်များက အကြမ်း ဖက်သမား ၂၀ ဦးကို အသေဖမ်းမိပြီး ၈ ဦးကို အရှင်ဖမ်းမိထားသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်မှအကြမ်းဖက်သမားတစ်ဦးကို ဖမ်းဆီးလွှဲပြောင်းပေးထားသည်။

ထို့အပြင် မောင်တောဒေသ တွင် အောက်တိုဘာ ၁၅ ရက်က Navy Seal တပ်ဖွဲ့ဝင်များ တာဝန်စတင်ထမ်းဆောင်ခဲ့ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနမှ တစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ် ခြံစည်းရိုးတွင် လုံခြုံရေးတာ ဝန် ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ယခင်က အဖွဲ့များခွဲပြီး လှည့်ကင်း ဆောင်ရွက်ခဲ့သော်လည်း လက်ရှိ အချိန်တွင် စုစည်း၍ လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်နေကြောင်း သတင်းထောက်များအား ရှင်းပြ သည်။   

အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်ပွားပြီးနောက် တစ်ပတ်အ ကြာ အောက်တိုဘာ ၁၅ ရက် မောင်တောမြို့ပေါ်အခြေအနေ မှာ နံနက်ပိုင်းတွင် ဈေးပြင်တန်းမှ ဈေးဆိုင်အများစု ပြန်လည်ဖွင့် လှစ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ပြန် လည်ပိတ်ထားခဲ့ကြသည်ကိုတွေ့ ရသည်။ သို့သော်လည်း ယခင် ရက်များထက် လူသွားလူလာများ ပြားလာသည်ကိုတွေ့ရပြီး ကျေး လက်ဒေသများမှ မိသားစုဝင်များ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်မှုများရှိနေဆဲ ဖြစ်သည်။

လက်ရှိအချိန်ထိ မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့ပေါ် သို့ ထွက်ပြေးတိမ်းရှောင်သူ ဦးရေ သုံးထောင်ကျော်ရှိနေပြီဖြစ် ကြောင်း သတင်းရရှိသည်။

ရခိုင်စစ်ဆင်ရေးအတွက် ဘေးလွတ်ရာ ပြောင်းရသူများကို ရိက္ခာထောက်ပံ့မည်

စစ်​​တွေ၊ အောက်​တိုဘာ ၁၅ 

အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်​​ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် ​မောင်​​တော၊ ဘူးသီး​တောင်နှင့် ရ​သေ့​​တောင်​မြို့နယ်​သုံးမြို့နယ်​ကို တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေး ​ဆောင်​ရွက်​လျက်​ရှိ​ရာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသော ဒေသခံများကို ရိက္ခာများ အပြည့်အဝ ထောက်ပံ့ပေးမည်ဟု ပြည်​​ထောင်​စု ဝန်​ကြီးများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ ​ 

အောက်​တိုဘာလ ၁၄ ရက်​​နေ့တွင်​ ရခိုင်​ပြည်​နယ်​ အစိုးရရုံး အစည်းအ​ဝေးခန်းမ၌ ​ဒေါက်​တာ​ဖေမြင့် ဦးဆောင်သည့် ပြည်​​ထောင်​စု အစိုးရအဖွဲ့သည်​ စစ်​တွေမြို့ရှိ နိုင်​ငံ​ရေးပါတီများ၊ လူမှု​ရေးအဖွဲ့အစည်းများ၊ မီဒီယာများနှင့် တွေ့ဆုံခဲ့စဉ်​ ​ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်​ပြီး တပ်​မ​တော်​နှင့် လုံခြုံ​ရေးအဖွဲ့ဝင်​များက  ရခိုင်​ပြည်​နယ်​ လုံခြုံ​ရေးအတွက်​ အင်​အားအပြည့်ဖြင့် စစ်ဆင်ရေး ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်​သူများအနေနှင့် စိုးရိမ်​မှုများ မလွန်​ကဲရန်​နှင့် ကောလာဟလ သတင်းများကို မယုံကြည်​ကြရန်​ ပြည်​​ထောင်​စုဝန်​ကြီး ​ဒေါက်​တာ​ဖေမြင့်က ပြောကြားသည်။ 

အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ထွက်ပြေးလာကြသော ဒေသခံ ပြည်သူများကို လုံခြုံသော နေရာများတွင် ပြည်နယ်အစိုးရက ထိန်းသိမ်းစောင့်ရှောက်လျက် ရှိပြီးလိုအပ်သော ရိက္ခာများကို ပြည်ထောင်စုအစိုးရ ပြည်နယ်အစိုးရနှင့် အလှူရှင်များမှ ပေးပို့သော ရိက္ခာများကို ပေးပို့လှူဒါန်းလျက် ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“ရိက္ခာတွေကတော့ လောက်ငှမှု ရှိတယ်။ လိုအပ်တဲ့ နေရာတွေကို အသီးသီး ပို့ဆောင်ပေးလျက် ရှိတယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောဆိုသည်။ 

အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် ဒေသခံပြည်သူ ၆ဝဝ ခန့်သည် ဘူးသီးတောင်၊ မောင်တောင် ဒုက္ခသည်စခန်းများတွင် လာရောက်ခိုလှုံလျက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စာရင်းထုတ်ပြန်ခဲ့သည်။ 

“နယ်မြေမလုံခြုံတော့ ရွာတွေဘက်မှာနေတဲ့ ပြည်သူတွေက မြို့ပေါ်ကို ပြောင်းရွှေ့လာကြတာနေစဉ်ပါ။ ယနေ့ထိပါ” ဟု မောင်တောမြို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်။ 

ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှုသည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သည့် အကာလ်မူလ် မူဂျာဟီဒင်န်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာလ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

အကြမ်းဖက်တိုက်ခိုက်မှု သာမက အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းအားထုတ်မှု မှန်သမျှကို ထိထိရောက်ရောက် တုန့်ပြန်ချေမှုန်းသွားမည် ဖြစ်ပြီး အကြမ်းဖက်မှုကို အားပေးသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို စုံစမ်းဖော်ထုက်၍ ထိရောက်စွာ အရေးယူမည်ဟု သမ္မတရုံး၏ ထုက်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ 

ပြည်​သူများ အ​နေနှင့် အ​ကြောင်းတစုံတရာ ထူးခြားမှုများ၊ အကြမ်းဖက်​လုပ်​ရပ်​သတင်းထူးများနှင့် အကူအညီ လိုအပ်​မှုများ ရှိပါက ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ သတင်းပြန်​ကြား​ရေး​ကော်​မတီအဖွဲ့ ရုံး ဝ၉၄၂၁ဝ၂၈၈၂၆၊ ဝ၉၄၅၆၉၆၇၄၇၂ နှင့်​ ​ဒေါက်​တာချမ်းသာ ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ လူမှု​ရေးဝန်​ကြီး ဝ၉၄၅၉ဝဝ၆ဝဝ၉ တို့ထံ တိုက်​ရိုက်​ဆက်​သွယ်​နိုင်​​ကြောင်း ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့က ထုတ်​ပြန်​​ကြေညာသည်​။

အကြမ်းဖက်ခံရသည့် ကိုးတန်ကောက်စခန်းအနီး ကျေးရွာလုံခြုံရေး မရှိဟုဆို

မောင်တော၊ အောက်တိုဘာ ၁၅ 

အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့  ကိုးတန်ကောက် နယ်မြေစခန်း အနီးရှိ ရခိုင်တိုင်းရင်းသား ကျေးရွာတွင် လုံခြုံရေး မရှိကြောင်း အဆိုပါ ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ကျော်စိန်က ပြောကြားသည်။ 

ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာများအနီးတွင် ရှိသည့် ရခိုင်တိုင်းရင်းသားများနေထိုင်သည့် ကိုးတန်ကောက် ကျေးရွာအနီးက စခန်းတွင်သာ လုံခြုံရေးရှိပြီး ကျေးရွာထဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မရှိသဖြင့် ကျေးရွာလုံခြုံရေးအတွက် ဒေသခံများ ကင်းစောင့်နေရကြောင်း ၎င်းက ဆိုသည်။

“နေရထိုင်ရတာက စိုးရိမ်တယ်။ ပြေးသူလည်း ပြေးကြပြီ။ မိန်းမတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်တွေ သွားကြတယ်” ဟု ၎င်းက ဆိုသည်။ 

ကိုးတန်ကောက် ရခိုင်ရွာတွင် အိမ်ခြေ ၆ဝ ကျော်ရှိပြီး ယင်းအနီးက ဘင်္ဂါလီများ နေထိုင်သည့် ကိုးတန်ကောက်ကျေးရွာ အပါအဝင် ကျေးရွာနှစ်ရွာတွင် စုစုပေါင်း အိမ်ခြေတစ်ထောင်ကျော် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

ကိုးတန်ကောက်စခန်းကို အကြမ်းဖက်တိုက်ခိုက်မှုတွင် အရှင်ဖမ်းမိသည့် အကြမ်းဖက်သမားတစ်ဦးမှာ ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာတွင် ဈေးလာရောင်းဖူးကြောင်း အဆိုပါကျေးရွာမှ ဒေသခံများထံမှ သိရှိရသည်။ 

အဆိုပါစခန်းတွင် လုံခြုံရေး အပြည့်အဝချကာ ဆောင်ရွက်နေပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်း ထပ်မံအကြမ်းဖက်ရန် လာရောက်ခြင်း မရှိသေးကြောင်း အဆိုပါစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။ 

ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချထားပေးနိုင်ခြင်း မရှိသေးဘဲ စခန်းလုံခြုံရေးအတွက် အဓိကထား ဆောင်ရွက်နေကြောင်း အဆိုပါစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။  

အဘူကူးမား ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၁၂ ဦးခန့်သည် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၃ နာရီကျော်တွင် ကိုးတန်ကောက် ရဲကင်းစခန်း၏ အနောက်ဘက် ခြံစည်းရိုးကို ကျော်ဝင်ကာ ရုတ်တရက် ဝင်ရောက်လုံးထွေးကာ ဓား၊ လှံများနှင့် တိုက်ခိုက်သဖြင့် ရဲတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ 

ယင်းဖြစ်စဉ်တွင် ဘင်္ဂါလီ အကြမ်းဖက်သမား တစ်ဦးကို အသေဖမ်းမိပြီး နှစ်ဦး အရှင်ဖမ်းမိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။     

မောင်တောဒေသ နောက်ဆုံးအခြေအနေ

မောင်တောမြို့တွင် ကင်းလှည့်ဖို့ ပြင်ဆင်နေသည့် ရဲတပ်ဖွဲ့ဝင်များ။မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကျေးရွာတွေမှာ နယ်မြေရှင်းလင်းတဲ့ လုံခြုံရေးတပ်တွေကို ချောင်း မြောင်းတိုက်ခိုက်မှုတချို့ ဆက်ပြီး ရှိနေသေးပေမဲ့ မောင်တောမြို့ပေါ်မှာတော့ အခြေအနေတွေ တည်ငြိမ်နေပြီး ဌာနဆိုင်ရာလုပ်ငန်းများ ပုံမှန် လည်ပတ်နေပြီလို့ ဒေသခံ အရာရှိ တဦးက ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြန်ပြီးတောက်လာနေတဲ့ ပဋိပက္ခမီးတောက်တွေကို အမြန်ဆုံး ငြိမ်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ NCA လက်မှတ်ရေး ထိုးခြင်း တနှစ်ပြည့် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

ရခိုင်ပြည်နယ် အနောက်မြောက်နယ်စပ် မောင်တောမြို့နယ် လိပ်အိုင်ကျေးရွာမှာ မနေ့ စနေနေ့က လုံခြုံရေး ကင်းလှည့်လည်နေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့တဲ့ အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၂) ဦးကို အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း မြန်မာအစိုးရက ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် အခြားကျေးရွာတရွာမှာ လုံခြုံရေးတပ်တွေကို နောက်ထပ် တိုက်ခိုက်မှုတွေရှိခဲ့ပြီး (၄) ဦးကိုတော့ အရှင် ဖမ်းဆီးရမိပြီး စစ်ဆေးမေးမြန်းနေကြောင်း မြန်မာအစိုးရ သတင်းမှာ ရေးသားထားပါတယ်။

အခုတိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ နေရာတွေဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်နားက ရွာတွေမှာဖြစ်နေပေမဲ့ မောင်တောမြို့ပေါ်မှာတော့ အခြေအနေတွေ တည်ငြိမ်ပြီး အစိုးရဌာနတွေနဲ့ စာသင်ကျောင်းတွေက ပုံမှန် လည်ပတ်နေကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ဗွီအိုအေကိုပြောပါတယ်။

“ဒီဘက်မှာတော့ အေးအေးဆေးဆေးပါပဲ။ ဌာနဆိုင်တွေက အကုန်ရှိပါတယ်။ မနေ့က ကျောင်းပိတ်ရက်လေ၊ သီတင်းကျွတ် ကျောင်းပိတ်ရက်။ ပုံမှန်အတိုင်းပါပဲ။”

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ NCA အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခြင်း တနှစ်ပြည့် အခမ်းအနားမှာ အဖွင့်မိန့်ခွန်း ပြောကြားခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အခုလို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“အားလုံးသိတဲ့အတိုင်းပဲ ကျွန်မတို့နိုင်ငံရဲ့ အနောက်ပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ဆိုရင် စစ်မီးတောက်တွေ ပြန်ပြီးတောက်လာတာကို တွေ့ရပါတယ်။ ပဋိပက္ခမီးတောက်တွေ ပြန်ပြီး တောက်လာ တာကိုတွေ့ရပါတယ်။ ကျမတို့ ဒါတွေကို အမြန်ဆုံး ငြိမ်းအောင်လုပ်ရပါမယ်။”

ဒါအပြင် နိုင်ငံရဲ့ လုံခြုံရေးကိစ္စနဲ့ ပတ်သက်လို့ NLD အစိုးရရဲ့ ဥပဒေနဲ့အညီ သတ္တိရှိရှိ လုပ်ဆောင်ချက်တွေကို ပြည်သူတွေက ၀ိုင်းဝန်း ထောက်ခံမယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါတယ်။

“တာဝန်အရ လုပ်သင့် လုပ်ထိုက်တာတွေကိုတော့ ကျမတို့ လုပ်သွားပါမယ်။ တရားဥပဒေ စိုးမိုးရေး မူဘောင်အတွင်းက လုပ်သင့် လုပ်ထိုက်တာတွေကို ကျမတို့ လုပ်သွားမှာပါ။ ကျမတို့ နိုင်ငံသူနိုင်ငံသားများရဲ့ လုံခြုံရေး၊ ကျမတို့နိုင်ငံရဲ့ တည်တံ့ခိုင်မြဲရေးအတွက် လုပ်သင့်လုပ်ထိုက် တဲ့ကိစ္စတွေကို ကျွန်မတို့ဟာ တရားဥပဒေဘောင်အတွင်းက မှန်မှန်ကန်ကန်နဲ့ သတ္တိရှိရှိနဲ့ လုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ပြည်သူကလည်း ၀ိုင်းဝန်းပြီး ကျွန်မတို့ကို ထောက်ခံမယ်လို့ ယုံကြည်ပါတယ်။”

လက်ရှိ မတည်ငြိမ် သေးတဲ့ နယ်စပ် မောင်တောဒေသ ကျေးရွာတွေက ပြည်သူတွေနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေကို ဘေးကင်းရာ ဒေသတွေဘက်ကို သက်ဆိုင်ရာ လုံခြုံရေးတပ်တွေက ကူညီရွှေ့ပြောင်းပေး နေပါတယ်။

ဒီအတောအတွင်း မနေ့က အထက်ကန်သာယာရွာက ကျောင်းဆရာ တဦး ချောင်းမြောင်းပစ်ခံခဲ့ရပြီး မောင်တောဆေးရုံးမှာ ဆေးကုသ ခံယူနေပါတယ်။

အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ကို သွားရောက် စုံစမ်းခဲ့ကြတဲ့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် ဦးဆောင်တဲ့ NLD အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ အောက်တိုဘာလ (၁၇) ရက်နေ့ (တနင်္လာနေ့) နေ့လည် (၂) နာရီမှာ ခရီးစဉ်နဲ့ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

 အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)

Saturday, October 15, 2016

မောင်တောခရိုင်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်

လုံခြုံရေးတပ်ဖွဲ့များအပြင် လဝကဝန်ထမ်းများကိုလည်း လက်နက်တပ်ဆင်ပေးထား

မောင်တောမြို့နယ် ၀ါးပိတ်ကျေးရွာအတွင်းနယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ−စိုင်းဇော်)

နယ်ခြားစောင့်ရဲဌာ နချုပ်အပါအဝင် ရဲစခန်းသုံးခုကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ သည့် မောင်တောခရိုင်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် လိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အပြင် လဝကဝန်ထမ်းများကို လည်း လက်နက်များတပ်ဆင်ပေး ထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၄ ရက်က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြန်ကြားရေးပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေ မြင့်ဦးဆောင်သော အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများတွ့ဆုံစဉ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

 ပြည်ထောင်စုဝန်ကြီး ဦး သိန်းဆွေက အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့မှုကြောင့် မောင်တော ခရိုင်ဖြစ်သည့် မောင်တောမြို့ နယ်နှင့် ဘူးသီးတောင်မြို့နယ်များကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ဒါက လုံခြုံရေးအရ သက် ဆိုင်ရာနယ်မြေ လုံခြုံရေးရဲတပ်ဖွဲ့ တွေက တစ်ခုခုဖြစ်ရင် ကာကွယ် နိုင်ဖို့ ပေးထားတဲ့သဘောပါ။ သူတို့ (လဝကဝန်ထမ်း)တွေက လည်း စစ်ပညာသင်ကြားထားဖူး တဲ့သူတွေလေ။ ရခိုင်ပြည်နယ် တစ်ခုလုံးက လဝကဝန်ထမ်းတွေ ကို ပေးကိုင်တာတော့မဟုတ် ဘူး။ ကျွန်တော်တို့ ဝန်ကြီးဌာနက လက်နက်ကိုင်ဆောင် တပ်ဆင် ခွင့် တရားဝင်တော့ ရထားတာ မဟုတ်ဘူး’’ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြော သည်။

မောင်တောမြို့နယ်ဝက်ပစ် ကျေးရွာတွင် စစ်ဆင်ရေးဆောင် ရွက်နေသည့် တပ်မတော်အရာရှိ တစ်ဦးက ကျီးကန်းပြင်ကျေးရွာ နယ်ခြားစောင့် ရဲဌာနချုပ်၏ မြောက်ဘက်ပိုင်း နယ်မြေအား လုံးတွင် တပ်မတော်၊ နယ်ခြား စောင့်ရဲတပ်ဖွဲ့နှင့် နယ်ခြေခံရဲတပ်ဖွဲ့များပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ပြောသည်။

 လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်း များ ဆောင်ရွက်ချိန်တွင် ဘင်္ဂါလီ လူမျိုးအချို့က မိမိနေအိမ်များ ကို မီးရှို့၍ ထွက်ပြေးတိမ်းရှောင် မှုများလည်း ရှိကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ကျီးကန်းပြင် ကျေးရွာဒေသခံများက ဆိုသည်။

  အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင် ငါးဦးကျဆုံးခဲ့သည့် ကျီးကန်း ပြင်နယ်ခြားစောင့်ရဲဌာနချုပ်အနီး တစ်ဝိုက်ရှိ တောင်ကုန်းများထက် တွင် တပ်မတော်နှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ် ကြောင်းများ လုံခြုံရေးတင်းကျပ် စွာ ရယူထားပြီး ရဟတ်ယာဉ်များ ဖြင့် ကင်းလှည့်နေသည်ကိုတွေ့ရ သည်။

‘‘တောင်ကုန်းတွေက စိတ်မ ချရသေးဘူး။ ရှင်းလင်းရေးတွေ ဆက်လုပ်နေတုန်းပဲ’’ဟု တပ်မ တော်အရာရှိတစ်ဦးက ပြော သည်။

အောက်တိုဘာ ၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် နယ်ခြား စောင့်ရဲစခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်များနှင့် နယ်မြေရှင်းလင်းမှုများတွင် တပ်မ တော်သားငါးဦး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့ပြီး အကာလ်မူလ်မူဂျာဟီဒင်န်အဖွဲ့ မှ ၁၆ ဦးကို အသေဖမ်းဆီးရမိ ထားသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရာ ရခိုင်ပြည်နယ်အနောက်ဘက် ဝင် ပေါက်နယ်မြေ ကွပ်ကဲရေးစခန်း များတွင် တာဝန်ထမ်းဆောင်နေ သည့် လဝကဝန်ထမ်းဦးရေ ၂၅၀ ကျော်ရှိပြီး သက်ဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့များကလည်း စခန်း အသီးသီးတွင် လုံခြုံရေးရယူပေး ထားကြောင်း ဦးမြင့်ကြိုင်က ပြောသည်။

 ယင်းဒေသတွင် ထိုသို့ မတည်ငြိမ်မှု ဖြစ်ပေါ်နေသော် လည်း လဝကလုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန် အတိုင်း ဆက်လက်လုပ်ဆောင် နေကြောင်း ၎င်းက ဆိုသည်။

 မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ကို RSO အ ကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ် သည့် အကာလ်မူလ်မူဂျာဟီဒင်န် အဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက် ပုဂ္ဂိုလ်များ၏ငွေ ကြေးပံ့ပိုးမှုအလုံးအရင်းဖြင့် ဘူး သီးတောင်မောင်တောဒေသကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး က ယမန်နေ့က သတင်းထုတ်ပြန် ထားသည်။

 အကြမ်းဖက်မှုများစတင် ဖြစ်ပွားခဲ့ပြီး ခြောက်ရက်အကြာ အောက်တိုဘာ ၁၄ ရက်တွင် မောင်တောမြို့ပေါ်ရှိ ဈေးဆိုင် အချို့မှာ နံနက်ပိုင်း၌ ဖွင့်လှစ်ရောင်းချမှုများရှိခဲ့သော်လည်း နေ့ လယ်ပိုင်းမှ စတင်ကာ ဆိုင်အား လုံးပိတ်ထားကြသည်ကိုတွေ့ရ သည်။ ထို့အပြင် မောင်တော- ကျီးကန်းပြင်-ကြိမ်ချောင်းလမ်း တစ်လျှောက်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှလွဲ၍ လူသွားလာ မှုရှင်းလင်းနေသည်။