Wednesday, November 1, 2017

မုံရွာတွင် အသက်၁၉နှစ်အရွယ်လူငယ်တစ်ဦး တီထွင်ထားသည့် သစ်သားလေယာဉ် ပျံသန်းခွင့်ရရှိရေးစောင့်ဆိုင်းနေ


----------------------------
စစ်ကိုင်းဒေသကြီး မုံရွာမြို့နယ်၊ကျွန်းကြီးအုပ်စု၊ ကျွန်းကြီးရွာမှ အသက်၁၉နှစ်အရွယ် မောင်ကျော်ဇင်ဝင်း သစ်သားဖြင့် တီထွင် ပြုလုပ်ထားသော လေယာဉ်ပျံ ပျံသန်းခွင့်ရရှိရေးအတွက် အထက်မှ ခွင့်ပြုချက်ကို စောင့်ဆိုင်း နေရကြောင်း ကျွန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ပြည်မြန်မာသို့ပြောသည်။

“ကလေးက လေယာဉ်ကို သစ်သားနဲ့ တီထွင်ထားတာဗျ။ သူတတ်တဲ့ လက်မှုပညာနဲ့သူဘာသူ လုပ်ထားတာ ပေါ့။  အောက်တိုဘာ ၃၀ရက်နေ့ကမှ ခွင့်ပြု့မိန့်တောင်းထားရတာ။ တန်ဆောင်မုန်းလပြည့်နေ့မှာ ရွာဘုံကထိန်ရှိတာကိုး။ ကထိန်းရှိတော့ လပြည့်နေ့ကို သူ့လေယာဉ်ကို စမ်းချင်တာ။ စမ်းချင်တော့ ကျွန်တော်က အုပ်ချုပ်ရေးမှူးဖြစ်တော့ စမ်းခွင့် ကျွန်တော်ဆီမှာ လာတောင်းတာ။ ကျွန်တော်ကလည်း လူစီးမောင်းမှာ ဆိုတော့ ခွင့်ပြုလို့မရဘူးလေ။ ဒါကြောင့် ကျွန်တော့်အထက်ကမြို့နယ်ကို ပြန်ပြီးခွင့်တောင်းရတာပေါ့။ ကျွန်တော်တို့ မြို့နယ်ထွေအုပ်ကတော့ သူအထက်က ခရိုင်တို့၊ တိုင်းတို့ ရှိသေးတာကိုး၊ အထက်က ခွင့်ပြုမှ ပျံသန်းလို့ရမယ်လို့ ပြောပါတယ်။ ၃၁ရက်နေ့ကတော့ ခရိုင်ကို တင်တယ်။ လောလောဆယ်တော့ ခွင့်ပြုချက်မရသေးတော့ လေယာဉ်ကို ပျံသန်းခွင့် မပြုပါနဲ့ဦးဆို ပြီးတားထားတယ်“ဟု ဦးတင့်မြင့်က ပြောသည်။

“ခွင့်ပြုမိန့် ဘယ်တော့ရမလဲဆိုတာ အတိအကျတော့ ပြောလို့မရဘူး။ အထက်က ကြံ့ခိုင်ရေးတွေ ဘာတွေ ကျွမ်းကျင်တဲ့သူတွေနဲ့ လာစစ်ချင်စစ်အုံးမှာ ပေါ့။ လေယာဉ်ကို သူတီထွင်ထားတာက  ၇လလောက်ရှိပြီး။တည်ဆောက်ထားတာ ကျွန်တော်တို့ အခုမြင်ရတာ ကတော့  သစ်သားနဲ့ပဲ တည်ဆောက်ထားတယ်။ အလျားပေက ၁၄ပေခွဲရှိတယ်။ တောင်ပံထိပ်နှစ်ထပ်က ၁၇ပေရှိတယ်။ အင်ဂျင်ကတော့ ဟွန်ဒါ ၁၆ကောင်နဲ့ ပါ“ဟု ယင်းက ဆက်လက်ပြောသည်။

မိုင်းစောလွင်

No comments: