Showing posts with label အလွဲသုံးစားမှု့. Show all posts
Showing posts with label အလွဲသုံးစားမှု့. Show all posts

Saturday, October 1, 2016

ရန်ကုန်မြို့တွင် ဒေါ်လာအတု ပြုလုပ်သော လိုက်ဘေးရီးယား နိုင်ငံသားကို ပတ္တမြားအတု သယ်ဆောင်မှုအတွက်ပါ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ထပ်မံ ချမှတ်



ဒေါ်လာအတုပြုလုပ်သော လိုက်ဘေးရီးယားနိုင်ငံသားကို ဖမ်းဆီးရမိသော ပစ္စည်းများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-ဒဂုံမြို့နယ်ရဲစခန်း)    ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

    ရန်ကုန်မြို့ရှိ ဟိုတယ်တစ်ခု၌ တည်းခိုရင်း ဒေါ်လာအတု ပြုလုပ်မှုဖြင့် ထောင်ဒဏ် ၂နှစ်ချမှတ်ခံထားရသော လိုက်ဘေးရီးယား နိုင်ငံသားကို ပတ္တမြားအတု သယ်ဆောင်မှုအတွက်ပါ အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း ဒဂုံမြို့နယ်တရားရုံးထံမှ သိရသည်။

အနောက်ပိုင်းခရိုင် တရားရုံးက ယင်း လိုက်ဘေးရီးယား နိုင်ငံသားကို ဒေါ်လာ အတုပြုလုပ်မည့် ပစ္စည်းများ လက်ဝယ်ထား ရှိမှု ပုဒ်မ ၂၄၂ ဖြင့် ဇူလိုင် ၂၈ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ပြီး ယခု ပတ္တမြား အတု တရားမဝင် သယ်ဆောင်မှုအတွက်  ပို့ ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် စက်တင်ဘာ ၃၀ ရက်က အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် ထပ်မံအမိန့် ချမှတ်လိုက်သည်။အဆိုပါ ထောင်ဒဏ် အမိန့်ချခံရသော လိုက်ဘေးရီးယား နိုင်ငံသားကို ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်က Olympic Hotel ရှိ အခန်းတစ်ခန်းတွင် ဒေါ်လာအတု ပြုလုပ်သည့် ဆက်စပ်ပစ္စည်းများဖြစ်သော ဒေါ်လာအရွယ်အစား စာရွက်အမဲ မြောက်များစွာနှင့်အတူ ပတ္တမြားအတုများနှင့်ပါ  ဖမ်းဆီးရမိခဲ့သည်။

(Xinhua)