Showing posts with label ပဲဈေး. Show all posts
Showing posts with label ပဲဈေး. Show all posts

Thursday, September 22, 2016

အိန္ဒိယ အဝယ်လိုက်၍ ပဲဈေး အနည်းငယ်တက်

အိန္ဒိယနိုင်ငံတွင် မိုးရာသီ စိုက် ပဲသစ်များ ပေါ်လာသော် လည်း အစိုးရတင်ဒါများ ပေး သွင်းရန်ရှိသောကြောင့် ယခုရက် ပိုင်း၌ အိန္ဒိယ ကုန်သည်များက အဝယ်ရှိသဖြင့် ယခု တစ်ပတ် ပြည်တွင်းပဲဈေးအနည်းငယ် မြင့် တက်နေကြောင်း သတင်းရရှိ သည်။

အိန္ဒိယတွင် စက်တင်ဘာ၊ အောက်တိုဘာ၌ မိုးပဲသစ်များ ပေါ်ထွက်ချိန်ဖြစ်ပြီး ယခုနှစ်တွင် အိန္ဒိယနိုင်ငံ အစိုးရကလည်း ပဲ အထွက်ကောင်းမည်ဟု ခန့်မှန်း ထားသည်။ မိုးပဲသစ်များ စထွက် ချိန်တွင် အစိုးရတင်ဒါများကြောင့် ကုန်သည်များက မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစင်းငုံကို အဝယ်ရှိနေ သဖြင့် လတ်တလော အိန္ဒိယပဲ အထွက် အခြေအနေကို ခန့်မှန်းရခက်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

လက်ရှိ ပြည်တွင်း မတ်ပဲ ဈေးသည် အနိမ့်ဆုံး ကျပ် ၁၂ သိန်းခွဲမှ ယခုတစ်ပတ်တွင် ကျပ် ၁၄ သိန်းသို့မြင့်တက်လာပြီး ပဲစင်း ငုံမှာ ကျပ် ၁၀ သိန်းကျော်မှ ၁၁ သိန်းကျော်သို့ ပြန်လည်မြင့်တက် လာကြောင်း ဘုရင့်နောင် ပဲကုန် စည်ဒိုင်မှ ကုန်သည် တစ်ဦးက ပြောသည်။

ယခုနှစ် ပြည်တွင်း၌ မတ်ပဲလက်ကျန် တန်ချိန်တစ်သိန်းကျော် နှင့် ပဲတီစိမ်းတန်ချိန် ငါးသောင်းမှ ခြောက်သောင်းကြား  ကျန်ရှိ ကြောင်း ဦးမင်းကိုဦးက ပြော သည်။ အိန္ဒိယက အဝယ်မရှိချိန် တွင် ပြည်တွင်းဈေးကွက်၌ ပဲဈေးကျသော်လည်း ပဲလက်ကျန်နည်း ခြင်းကြောင့် အသစ်ပေါ်ချိန်တွင်  ဈေးကောင်းနိုင်ကြောင်း ပဲတင်ပို့ သည့် ကုန်သည်အချို့က ခန့်မှန်း နေကြသည်။