မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, August 21, 2015
တိုင်းပြည်အပေါ် စိတ်စေတနာကောင်းထားရန်လိုပြီး တစ်ယောက်အပေါ် တစ်ယောက်ယုံကြည်မှုဖြင့် ကိုယ့်လုပ်ငန်းကို မှန်မှန်ကန်ကန် လုပ်သွားမည် ဆိုပါက အမျိုးသားရင်ကြားစေ့ရေးသည် အလိုလိုဖြစ်သွားမည်ဟု ယုံကြည်
တိုင်းပြည်အပေါ် စိတ်စေတနာကောင်းထားရန်လိုပြီး တစ်ယောက်အပေါ်
တစ်ယောက်ယုံကြည်မှုဖြင့် ကိုယ့်လုပ်ငန်းကို မှန်မှန်ကန်ကန် လုပ်သွားမည်
ဆိုပါက အမျိုးသားရင်ကြားစေ့ရေးသည် အလိုလိုဖြစ်သွားမည်ဟု ယုံကြည်
ကြောင်း၊ တိုင်းပြည်ကောင်းအောင် အမှန်တကယ် လုပ်ဆောင်မည့်သူအား
တပ်မတော်က ထောက်ခံပေးသွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် RFA သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြား
Friday, August 21, 2015
RFA ။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်က NLD ရဲ့ ရည်ရွယ်ချက်
တွေထဲမှာ အမျိုးသားရင်ကြားစေ့ရေးဟာ အဓိကကျတယ်လို့ ပြောထားပါတယ်။ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့် နိုင်ရင်လည်း အမျိုးသားရင်ကြားစေ့ရေးကို ဦးထိပ်ထားမည်ဆိုပြီး ပြောပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အဲဒီလုပ်ငန်းစဉ်အပေါ် ဘယ်လိုမြင်ပါသလဲ၊ ဘယ်လိုလုပ်ဆောင်သင့်သလဲလို့
အကြံပြုလိုပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုဘဲ၊
ယုံကြည်မှုကတော့ သိပ်အရေးကြီးပါတယ်။ တိုင်းပြည်အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ထားဖို့ လိုအပ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့ တိုင်းပြည်
အပေါ် စိတ်ကောင်း စေတနာကောင်းထားဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့
ကတော့ ကျွန်တော့် ယုံကြည်ချက် တစ်ခုရှိပါတယ်။ အဲဒါဘာလဲဆိုတော့ တစ်အချက်ကတော့ စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်
ရေး ဒီ ၃ ခုပေါ့၊ တစ်ကယ်တော့ စည်းလုံးညီညွတ်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးဆိုတာ နှစ်ခုလုံးက ဆက်စပ်နေတာပဲ။ တည်ငြိမ် အေးချမ်းမှုမရှိဘဲ စည်းလုံး
ညီညွတ်မှု ဆိုတာ တော်တော်ခက်ပါတယ်၊ ဒီလိုပဲ စည်းလုံးညီညွတ်မှု မရှိဘဲ တည်ငြိမ် အေးချမ်းမှုရဖို့ဆိုတာလည်း ခက်ပါတယ်၊ ဒီအပေါ်မှာ ဒီနှစ်ခုစိတ်ချသွား လို့ရှိရင် ကောင်းသွားလို့ရှိရင် ဖွံ့ဖြိုးတိုးတက်ရေးကို သွားလို့ရပါတယ်၊
ဒါကို ကျွန်တော်တို့ အကုန်လုံး တိုင်းရင်းသားအားလုံး ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး လုပ်ရမယ့်ကိစ္စဖြစ်တယ်။ အမျိုးသားရင်ကြားစေ့ရေး ကိစ္စဆိုတာကတော့ လိုအပ်ပါတယ်။ ဒါပေမယ့်လည်း ယုံကြည်မှုနဲ့ ကိုယ့်
လုပ်ငန်းကို မှန်မှန်ကန်ကန် လုပ်သွားမယ်ဆိုရင် ရင်ကြားစေ့ရေးဆိုတာ သူ့ဘာသူဖြစ်သွားမယ် လို့ ယုံကြည်ထားတယ်။
RFA ။ နောက်ပြီးတော့ ဒီရင်ကြားစေ့ရေးနှင့်ပတ်သက်လို့ ပြောကြမယ်ဆိုရင်
ဗိုလ်ချုပ်မှူးကြီးပြောသလို ပြည်သူနဲ့တပ်မတော်ကြား၊ တပ်မတော်နှင့် အဖွဲ့အစည်းကြားမှာပေါ့လေ ပြည်သူနဲ့ တပ်မတော်ကြားမှာတော့ နည်းနည်းပဋိပက္ခ
လေး စိုးရိမ်ပူပန်မှု တပ်မတော်က ပြည်သူလို့ ကျွန်မပြောတယ်နော်
ဗိုလ်ချုပ်မှူးကြီး ပြည်သူတွေအနေနဲ့ကလည်း စိုးရိမ်မကင်း ရှိတာလေးတွေရှိ
တယ် အဲတော့ အဲ့ဒီအပေါ်မှာပေါ့ အကုန်လုံးက စိတ်အေး ချမ်းသာစွာနဲ့ လိုချင်တဲ့ခရီးကို အတူတူသွားတဲ့ သဘောမျိုးဖြစ်အောင် ဗိုလ်ချုပ်မှူးကြီးအနေနဲ့
ဘာပြောချင်သလဲရှင့်။
ဗိုလ်ချုပ်မှူးကြီး။ ဟိုဟာပေါ့ ကျွန်တော်တို့သွားတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းဟာ တစ်ကယ်အပြည့်အစုံ ပြောရရင် စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံလို့
ကျွန်တော်တို့ ပြောလို့ရတယ်။ စည်းနဲ့ကမ်းနဲ့သွားရမယ် ကိုယ့်အလုပ် ကိုယ်
လုပ်မယ်၊ ကျွန်တော်တို့ကလည်း ကျွန်တော်တို့အလုပ်ကိုလုပ်ပြီးတော့ ပြည်သူတွေရဲ့ အကျိုးကို ကူညီဆောင်ရွက်ပေးမယ် ဆိုလို့ရှိရင် ဒါတွေက
ဘာမှပြဿနာမရှိပါဘူး။ ကျွန်တော်တို့ အခုချိန်မှာတော့ တပ်မတော်ပိုင်းဆိုင်ရာ
နှင့်ပတ်သက်ရင် တော်တော်ကို ကျွန်တော်တို့ သူ့ရဲ့စည်းမျဉ်း စည်းကမ်းနဲ့အညီ လုပ်တဲ့စနစ်ကို သွားနေတယ်၊ ဒါကြောင့် အခုကျွန်တော်တို့အပေါ်မှာ
ပြည်သူ့ရဲ့ အထင်အမြင်တွေပေါ့၊ အရင်နဲ့စာရင် အများကြီးကောင်းနေတယ်လို့ မြင်ပါတယ်။ ကျွန်တော် ရောက်လေရာဒေသအသီးသီးမှာ အကဲခတ်ကြည့်တယ်၊ အားလုံးက ကျွန်တော့်တို့အပေါ်မှာ Warmly ဖြစ်တာတွေ့ရတယ်။
ကျွန်တော့်တို့အပေါ်မှာ အဆိုးမြင်ပြီးတော့ ပြောတာဆိုတာတွေလဲ ကျွန်တော်တို့ မတွေ့ပါဘူး၊ သို့သော်လည်း တစ်ချို့လည်း ပုဂ္ဂိုလ်ရေးခံစားချက်တွေ ရှိရင်ရှိမှာပေါ့ ခံစားချက် ရှိတော့လည်း ပြောကြတာရှိမှာပေါ့၊ ဒါနဲ့ပတ်သက်ပြီး
ကျွန်တော်နားလည် ပါတယ်။ ကျွန်တော့်အနေနဲ့ ဒါနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ အမြဲလမ်းဖွင့် ထားပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
RFA ။ ပြည်သူလူုထုဆိုလို့နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကလည်းပြောထားတယ်။ ပြည်သူလူထုထောက်ခံရင်ပေါ့လေ။နောက်ထပ်အီလက်ရှင်ပြီးလို့ရှိရင် နောက်ထပ် သမ္မတတာဝန် ထမ်းဆောင်ရင်ထမ်းဆောင်မယ်လို့ ပြောထား တယ်။ ဖွဲ့စည်းပုံဥပဒေအရလည်း ဒုတိယသမ္မတတစ်ယောက်ကို ကာကွယ်
ရေး ဦးစီးချုပ်အနေနဲ့ တင်မြှောက်ခွင့်ရရှိထားတာတွေ့ရပါတယ်။ ပြည်သူက ထောက်ခံရင် သမ္မတတာဝန်ထမ်းဆောင်မယ်လို့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ပြောထားတာတွေ့ရပါတယ်။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲပြီးရင် တပ်မတော်က တင်မြှောက်မယ့် ဒုတိယသမ္မတကဘယ်သူဖြစ်လာနိုင်သလဲ။ဗိုလ်ချုပ်မှူးကြီး အနေနဲ့လျာထားတာများရှိသလား၊ ဘယ်သူ့ကိုရည်ရွယ်ထားတာရှိပါသလဲ။
ဗိုလ်ချုပ်မှူးကြီး။ ပထမဦးဆုံးအချက်အနေနဲ့ကတော့ ပြည်သူကများဆန္ဒရှိရင်
ကျွန်တော်က သမ္မတလုပ်ဖို့ ဆန္ဒရှိတယ်၊ ရွေးချယ်လို့ရှိရင် ကျွန်တော်သမ္မတလုပ်ဖို့ ဆန္ဒရှိတယ်လို့ ပြောတာတော့၊ အဲဒီအဓိပ္ပာယ်တော့ ကျွန်တော်
မပြောခဲ့ဘူး။ ကျွန်တော်ကတော့ တကယ်လို့များ ပြည်သူက၊ ပြည်သူကနေပြီး
တော့ အခြေအနေ အချိန်အခါအရ သူတို့တောင်းဆိုတဲ့အခါကျရင် စဉ်းစားတာ ပေါ့ဗျာလို့၊ ဒီလိုပြောတာပါ။ စဉ်းစားတယ်ပဲ ကျွန်တော်ပြောတာ၊ လုပ်မယ်လို့ ကျွန်တော် မပြောပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း ကျွန်တော့်
အတွေ့အကြုံအရ၊ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံအရ တချို့ဟာ
တွေမှာ တိုင်းပြည် မှာလည်း အထောက်အကူရနိုင်တဲ့ ကဏ္ဍတစ်ခုရှိနေပါ
တယ်။ ဒါတော့ ကျွန်တော်မငြင်းပါဘူး။ သို့သော်လည်းပဲ အခြေအနေ အချိန်အခါ ပေါ်လည်း အများကြီးတည်ပါတယ်။ ဒါတွေက။ ဒါ့ကြောင့် သမ္မတလုပ်ချင်တဲ့၊ ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေဟာ တစ်အချက် တိုင်းပြည်ကို တစ်ကယ်ကောင်း
အောင် လုပ်မယ့်သူ။ နောက်တစ်ခုကလည်း တပ်မတော်နဲ့လည်း အင်မတန်ကို ကျွန်တော်တို့နဲ့ အဆင်ပြေမယ့်သူမျိုး ဖြစ်ရင်တော့ပိုကောင်းတာပေါ့။ ဒါကတော့ ကျွန်တော်တို့ရဲ့ ဆန္ဒပေါ့။ ဒါပေမဲ့လည်း ဒါဟာ သူ့ရွေးချယ်ရေးအဖွဲ့နဲ့ ရွေး
ချယ်ပြီးတော့မှ ဥပမာအားဖြင့် ဥပဒေအရပြောမယ်ဆိုရင်တော့ လွှတ်တော်မှာ အစုအဖွဲ့ သုံးခုပေါ့၊ ပြည်သူ့လွှတ်တော်အစုအဖွဲ့၊ အမျိုးသား လွှတ်တော်
အစုအဖွဲ့၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့၊ ဒီအစုအဖွဲ့တွေ ကတင်တဲ့ ဒုတိယသမ္မတသုံးယောက်ပေါ့၊ အဲဒီအပေါ်မှာမူတည်ပြီးတော့ ရွေးကြ
တာပေါ့။ အဲဒီပေါ်မှာ ကျွန်တော်တို့ကလည်း ဒီလိုမျိုး ပုဂ္ဂိုလ်မျိုး ပါလာမယ်ဆို
ရင်တော့ တိုင်းပြည်အတွက် အများကြီးတန်ဖိုးရှိတာပေါ့။ ဒီလိုလူမျိုးဖြစ်မယ်။
သမ္မတကြီးက ခုနကလုပ်ချင်တယ်၊ နောက်တစ်ကြိမ် စဉ်းစားမယ်ဆိုရင်လည်း၊ သမ္မတကြီး လုပ်နိုင်မယ်ဆိုရင်လည်း သမ္မတကြီးကို ထောက်ခံမယ့်သူတွေ
အများကြီးရဲ့ ထောက်ခံမှုနဲ့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့
လည်း ဘာမှလည်း ဒီဟာနဲ့ပတ်သက်ပြီး ပြောစရာ အကြောင်းမရှိပါဘူး။
တိုင်းပြည်ကောင်းအောင် လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကတော့ ထောက်ခံပေးမှာပါပဲ။
RFA ။ ဗိုလ်ချုပ်မှူးကြီးစိတ်ထဲမှာ တစ်ယောက်ယောက်ကို ရည်ရွယ်ထားတာ ရှိပါသလား။
ဗိုလ်ချုပ်မှူးကြီး။ လောလောဆယ်တော့ ရည်ရွယ်ထားတာ မရှိသေးဘူး။
ဘာဖြစ်လို့လဲဆိုတော့ အခုကျွန်တော်တို့ ရွေးကောက်ပွဲပြီးတဲ့အချိန်ကြမှ ဒါတွေကတော့ စဉ်းစားရမှာပေါ့။
မြ၀တီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment