Friday, August 21, 2015

KIA မှ ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား လမ်းပေါ်ရှိ တံတား(၄)စင်း မီးရှို့ဖျက်ဆီးလိုက်တာကို KBC ဘာ့ကြောင့် မပြောသလဲ၊ ဘာ့ကြောင့် ဖုံးကွယ်ထားသလဲ ========================

KIA မှ ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား လမ်းပေါ်ရှိ တံတား(၄)စင်း မီးရှို့ဖျက်ဆီးလိုက်တာကို KBC ဘာ့ကြောင့် မပြောသလဲ၊ ဘာ့ကြောင့် ဖုံးကွယ်ထားသလဲ ========================================= 20, August, 2015 By Kachin People ပူတာအိုဒေသ၊ ဆွမ်ပရာဘွမ်ဒေသရှိ ဒေသခံပြည်သူများ ဆက်သွယ်သွားလာနေကြသော ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား လမ်းပေါ်ရှိ တံတား(၄)စင်းအား KIA သောင်းကျန်းသူအဖွဲ့မှ ယုတ်မာရက်စက်စွာ မိုင်းခွဲ/မီးရှို့ဖျက်ဆီးလိုက်ခြင်းကို KBC မှ မသိချင်ယောင်ဆောင်နေခဲ့ ကြသည်။ ယခု ၎င်းလမ်းပေါ်ရှိ KIA မီးရှို့ထားသော တံတား(၄)စင်းအား တပ်မတော်နှင့် အစိုးရ ၀န်ထမ်းများက ပြန်လည်ပြုပြင်လျှက်ရှိရာ (၃)စင်းမှာ ပြီးမြောက်သွားပြီဖြစ်သော်လည်း (၁)စင်းမှာ ပြုပြင်ဆဲဖြစ်ကြောင်း ဒေသခံများထံမှ ကြားသိရပါသည်။ မကြာခင်အချိန်အတွင်း မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းမှာ ပြန်လည်ဆက်သွယ်မှု ရရှိတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ ဒေသခံများမှာလည်း ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား တစ်လျောက် KIA သောင်းကျန်းသူများ ၀င်ရောက်မလာစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူတာအို ဒေသခံတစ်ဦး ပြောပြချက်အရ သိရှိရပါသည်။

No comments: