Monday, August 24, 2015

ပြည်ခိုင်ဖြိုးအလုပ်အမှုဆောင်အားလုံးအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က လေ့ကျင့်ပေးထားကြောင်း ပါတီပူးတွဲဥက္ကဋ္ဌပြောဆို

ပြည်ခိုင်ဖြိုးအလုပ်အမှုဆောင်အားလုံးအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)က လေ့ကျင့်ပေးထားကြောင်း ပါတီပူးတွဲဥက္ကဋ္ဌပြောဆို Monday, August 24, 2015 ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အ မှုဆောင်များကို ရှေ့ဆက်သွားမည့်ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဘယ်လို ဆောင်ရွက်ရမည်ဆိုသည်ကို ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ(ငြိမ်း)ကလေ့ကျင့်ပျိုးထောင် ပေးခဲ့ကြောင်း ပါတီ၏ပူးတွဲ ဥက္ကဋ္ဌဖြစ်သူ ဦးဌေးဦးက ပြောကြားသွားခဲ့သည်။ သြဂုတ် ၂၁ရက်ကပြည်သူ့လွှတ်တော်အစည်းအ ဝေးအပြီး ဗွီအိုအေနှင့် အင်တာဗျူးတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဦးဌေးဦးက ''အသင်းဘဝက တည်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဌာနချုပ်ကိုတစ်ခါမှမလာဖူးဘူး။ စီအီးစီအ ခန်းထဲမှာလဲထိပ်ကနေထိုင်ပြီးပြောတာလဲ မရှိခဲ့ပါဘူး။ ဒါပေမဲ့လဲ သူလေ့ကျင့်ပေးခဲ့ တာတော့ရှိပါတယ်။ ပြည်သူတွေအတွက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ နိုင်ငံပေါ့ လေ။ ပါတီစုံဒီမိုကရေစီလမ်းကြောင်း သွား မည်ဆိုရင် အခြေခံကောင်းတွေတည်ဆောက် ပေးခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်တွင် ခရိုနီ ရှိရမည်ဖြစ်သောကြောင့် ယင်းခရိုနီများကို လည်းဗိုလ်ချုပ်မှူးကြီးသန်းရွှေက မွေးပေး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုက်သင့် သည့်အတိုင်းအတာတစ်ခုအထိရပြီဆို သည့် အချိန်ရောက်လို့သာလွှဲပေးခဲ့ခြင်းဖြစ် ကြောင်းဦးဌေးဦးကပြောသည်။ ''အင်တာဗျူးတော်တော်များများ မှာတော့ ဒီပုံစံပဲဖြေထားကိုပဲတွေ့ရတယ်။ လက်ရှိပြည်ခိုင်ဖြိုးသွားနေတဲ့မူဝါဒက ဗိုလ် ချုပ်မှူးကြီး(ငြိမ်း)ရဲ့ သဘောထားမဟုတ်ရင် တပ်ချုပ်ကြီးမင်းအောင် လှိုင်ရဲ့သဘောထား လား ဒါမှမဟုတ် တပ်မတော်က လူတစ်စုရဲ့ သဘောထားလားတော့မသိဘူးပေါ့။ နောက် ပိုင်းလွှတ်တော်ပြင်ပမှာရော၊ လွှတ်တော်ထဲ မှာ ရောကြည့်လိုက်ရင် ပြည်ခိုင်ဖြိုးပါတီဟာ တပ်မတော်နဲ့တစ်ထပ်တည်းရှိတယ်ဆိုတာ ပိုထင်ရှားလာတယ်။ ပြည်ခိုင်ဖြိုးကို မဲပေး ရင် တပ်မတော်ကိုမဲပေးတာနဲ့အတူတူပဲ ပေါ့။ ဒါကိုပြည်သူတွေသတိထားဖို့လိုတယ်'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျာက ပြော သည်။ ယင်းအပြင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဒီမိုက ရေစီနှင့်ပတ်သက်၍ကြိုတင်ပြင်ဆင်မှုများ ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ရောက်ရင်ဘာတွေဖြစ်လာနိုင်မလဲ ကြိုတင် တွက်ဆထားကြောင်း၊ ကြိုတင်တွက်ဆမှုမ ရှိဘဲ စိတ်ချလက်ချနှင့်သည်စနစ် ကိုရောက် အောင်သွားမည်မဟုတ်ကြောင်း ပြောကြား ခဲ့သည်။ Yangon Media Group

No comments: