Tuesday, August 25, 2015

တပ်မတော်မှ နယ်မြေရှင်းလင်းစဉ် တရားမ၀င် လက်နက်ကိုင်ဆောင်သူများအား ဖမ်းဆီးရမိ

တပ်မတော်မှ နယ်မြေရှင်းလင်းစဉ် တရားမ၀င် လက်နက်ကိုင်ဆောင်သူများအား ဖမ်းဆီးရမိ နေပြည်တော် ၊ သြဂုတ် ၂၅ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ နမ့်ဆလင်နယ်မြေ ခန့်မှန်း(အမ်အက်ဖ်-၂၇၇၆၉၇) သို့ ရောက်ရှိစဉ် အစိမ်းရောင် ယူနီဖောင်း ၀တ်ဆင်ထားသူ ၂ ဦးမှ မိမိစစ်ကြောင်း ချီတက်လာရာဘက်သို့ အမ်(၂၁) သေနတ် ၁လက်ဖြင့် ချိန်ရွယ်ထားသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ရာ နမ့်ပန်ရွာတွင် နေထိုင်သော တရုတ်လူမျိုး ယန်စီ(၄၀)နှစ်၊ (ဘ)ဦးယန်ချီယူ နှင့် ယန်အဲ (၄၅)နှစ်၊ (ဘ) ဦးလောက်အဲ တို့ ၂ ဦးအား အမ်(၂၁)သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့်အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

No comments: